ရက်ပ်ပါ ကင်ညာဝက်စ် သေဆုံးပြီဆိုသည့် သတင်းများ မမှန်ကန်ကြောင်း တရားဝင် ငြင်းဆို

alt

Rap ဂီတ အဆိုတော် Kanye West သေဆုံးသွားပြီ ဆိုသော သတင်း များအား ၎င်း၏ အေးဂျင့်က ယနေ့ တရားဝင် ငြင်းဆန်လိုက်ပြီ ဖြစ်သည်။

အောက်တိုဘာ (၂၀)ရက် နေ့က West သည် လော့စ် အိန်ဂျယ်လိစ်မြို့ အတွင်း ကားနှစ်စင်း တိုက်မိရာမှ ကွယ်လွန် ခဲ့ကြောင်း Twitter တွင် ဖော်ပြခဲ့ရာမှ ယင်းသတင်း စတင် ပျံနှံ့လာခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။

အောက်တိုဘာ (၂၁)ရက်နေ့ နံနက် ပိုင်းက Twitter တွင် တင်ခဲ့သော Post က West သည် ဇိမ်ခံကား (၂)စင်း တိုက်မိရာ သေဆုံးသွားကြောင်း၊ (၁)ဦး ဒဏ်ရာရပြီး ကျန်(၁)ဦးကို ရဲက ဖမ်းထားကြောင်း ရေးသား ထားခဲ့သည်။ ထိုသတင်းမှာ Forward Mail များ၊ Social Networking ၀ဘ်ဆိုဒ် များမှတဆင့် လျှင်လျှင်မြန်မြန် ပျံ့နှံ့သွားပြီး West သေဆုံးပြီဟု တစထက် တစ ယုံကြည်သူ များပြား လာခဲ့ရသည်။

သို့သော်လည်း West ၏ ကိုယ်စားလှယ်က West သည် ကျန်းကျန်းမာမာ ရှိနေကြောင်း ပြောကြားခဲ့သလို West ၏ချစ်သူ နာမည်ကျော် မော်ဒယ် အမ်းဘားရို့(စ်) ကလည်း West မသေကြောင်း တွီတာတွင် ပို့(စ်)တင်၍ ဖြေရှင်းခဲ့သည်။ West မတိုင်မီက ရုပ်ရှင်နှင့်ဂီတ အကျော်အမော် များဖြစ်သည့် ဂျက်ဂိုးဘလင်း၊ မက်ဒီမွန်း၊ နက်တလေပို့တမင်း၊ အမ်မာဝတ်ဆင်၊ ဂျက်စတန်ဘီဘား၊ လီလီဝိန်း နှင့် မီလီဆိုင်းရပ် တို့လည်း အင်တာနက်မှ တဆင့် သေဆုံးကြောင်း သတင်းလွှင့် ခံရဖူးသည်။

အလားတူ မြန်မာ ဆာလီဘရီတီ လောက၌ ယမန်နှစ်က အမေရိကန် နိုင်ငံတွင် နေထိုင်သော မင်းသမီးနှင့် အဆိုတော် မေဆွိ အားလည်း အင်္ဂလန်နိုင်ငံတွင် ယာဉ်တိုက်မှု ဖြစ်၍ သေဆုံးသွားကြောင်း သူ၏ အမေ ရုပ်ရှင် မင်းသမီးကြီး ဒေါ်မြင့်မြင့်ခင် ဝီကီပီဒီယား ဝဘ် စာမျက်နှာတွင် ဝင်ရောက် ရေးသားထားရာမှ ပြည်ပရှိ မြန်မာ နိုင်ငံသားများ အကြား ဤကဲ့သို့ ဖြစ်ရပ်အား တောမီး အလား နာရီပိုင်း အတွင်း နိုင်ငံတကာသို့  ပြန့်နှံ့ ခဲ့ဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here