ကမာ္ဘ့ဖလား အိမ်ရှင်ဖြစ်ရေး ကိုယ်စားလှယ်များ ရွေးချယ်ခန့်အပ်

alt

အင်္ဂလန် နိုင်ငံ၏ (၂၀၁၈) ခုနှစ် ကမာ္ဘ့ဖလား အိမ်ရှင်ဖြစ်ခွင့် အတွက် ကိုယ်စားလှယ် များအဖြစ် အင်္ဂလန် ကပ္ပတိန် ဂျွန်တယ်ရီ၊ ဂါနာ ကွင်းလယ် လူ မိုက်ကယ် အက်ဆီယန်၊ ဂျာမန် အလယ်တန်း ကစားသမား

မိုက်ကယ် ဘောလက် နှင့် ဘရာဇီး တောင်ပံ တိုက်စစ်မှူး ရော်ဘင်ညို တို့အား အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် FA က ရွေးချယ်ခန့်အပ် လိုက်ကြောင်း သိရှိရသည်။

FA ၏ ကမာ္ဘ့ဖလား ကျင်းပရေး ဦးဆောင် စည်းရုံးရေးမှူး လော့ထရစ္စမန်းက ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲ များသည် တကမာ္ဘလုံးကို ဆွဲဆောင်နိုင်ပြီး လာရောက် ကစားသည့် ပြည်ပ နိုင်ငံသားများ မှာလည်း အင်္ဂလန် အပေါ် ကမာ္ဘ့ဖလား ကျင်းပခွင့် ရရေး ထောက်ခံကြကြောင်း ပြောဆို သွားခဲ့ကြသည်။

ထရစ္စမန်း က မူလတွင် လူသိများပြီးသား အင်္ဂလန် လက်ရွေးစင် များကိုသာ သံတမန် ခန့်အပ်ရန် စဉ်းစား ခဲ့သေးသော်လည်း နောက်ပိုင်းတွင် အင်္ဂလန်အတွက် ဆောင်ရွက်ပေးရန် ကတိပြုခဲ့သော နိုင်ငံရပ်ခြား ကစားသမားများကို သံတမန် အဖြစ် ထည့်သွင်း ခန့်အပ်ခဲ့ကြောင်း ပြောကြား လိုက်သည်။

FA သည် သံတမန် စာရင်းအတွက် စုစုပေါင်း ဘောလုံးသမား (၇၀) ၏ အမည်ကို ကြေညာခဲ့ပြီး စတီဗင်ဂျရတ်၊ ရီယိုဖာဒီနန်၊ ဂယ်ရီလင်ကာ၊ အလန်ရှီးယား တို့ကဲ့သို့ လက်ရှိနှင့် ယခင် အင်္ဂလန် ကစားသမား များလည်း ပါ၀င်သည်။ ထို့အပြင် အာဖရိက တိုက်သား ဘော်လုံး အေကျာ်အမော် များဖြစ်သည့် ကိုလိုတိုရေး၊ ဂျိုးဆက်ယိုဘို နှင့် နွမ်ဝိုကာနူး တို့လည်း ယင်း စာရင်းတွင် ပါ၀င်လျှက် ရှိကြသည်။

FA ၏ သံတမန်အသင်းမှ အသင်းဝင်များ အားလုံးပေါင်းသည် နိုင်ငံ ကိုယ်စားပြုပွဲပေါင်း (၃၀၀၀)ကျော် ကစားပေးထားပြီး ဂိုး အရေအတွက် အားလုံးပေါင်း (၄၅၀) ကျော် သွင်းထား ပေးနိုင်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here