အပူလောင် ဒဏ်ရာများ အတွက် ဆေးဝါးတမျိုး တီထွင်ထုတ်လုပ်

alt

အပူလောင်သော ဒဏ်ရာ များကို လျင်မြန်စွာ သက်သာ ပျောက်ကင်း စေမည့် ‘ဒုတိယ အရေပြား’ ဟု အမည် ပေးထားသည့် ဆေးဝါးအလွှာ တမျိုးကို ဆရာဝန် များက တီထွင် ထုတ်လုပ် လိုက်သည်။

ဗြိတိန် ဆေးပညာရှင်များ ဖန်တီး ထားသော ယင်း အလွှာသည် အနာများကို အကျက် မြန်စေသလို အမာရွတ် ထင်ကျန်သည့် အခြေအနေ ကိုလည်း လျော့ပါး စေကြောင်း သိရှိ ရသည်။

ယခု အလွှာကို ခပ်နက်နက် အနာများနှင့် ကျယ်ပြန့်သော အပူလောင် ဒဏ်ရာကြီးများ အတွက် အထူး ရည်ရွယ်ထားသည်။ ထို့အပြင် အနာအတွင်းသို့ ပြင်ပမှ ပိုးဝင်နိုင်သော အခြေအနေ ကိုလည်း လျှော့ချပေးပြီး အလွှာ တပ်ဆင်ရန် အသေးစား ခွဲစိတ်မှု တခုကိုသာ ခံယူရမည် ဖြစ်သည်။

အလွန်ပါးသည့် ယင်း အလွှာလေးများကို RAFT နည်းစနစ်ဖြင့် တီထွင်ခဲ့ပြီး အနာများရှိ ပျက်စီးသွားသော သွေးကြောမျှင် များကို အောက်စီဂျင် ကုထုံးဖြင့် အာဟာရဖြည့် ကုသပေးရန် တီထွင်ထားသည်။ အစမ်း ကုသမှု ရလဒ်များအရ ယင်း အလွှာလေးများ၏ အကျိုး သက်ရောက်မှုမှာ အလွန် ကောင်းမွန်နေပြီး (၂၀၁၂) ခုနှစ်တွင် ဈေးကွက်ဖြန့် ရောင်းချသွားမည်ဟု မျှော်လင့်ထားသည်။

စစ်တမ်းများ အရ ဗြိတိန်မှ ကလေးငယ် တသိန်းကျော်နှင့် ကမာ္ဘအရပ်ရပ်မှ သိန်းပေါင်း များစွာသော ကလေးများသည် အပူလောင်ခြင်း၊ ပြတ်ရှခြင်း စသော ဒဏ်ရာများဖြင့် ဆေးရုံသို့ ရောက်လာလေ့ရှိပြီး နှစ်စဉ်ကလေး (၃၀၀၀၀) ကျော်သည် ယင်း ဒဏ်ရာများကြောင့် အသက်ဆုံးရှုံး ရလေ့ရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here