āလေဘောလုံး ကလေးငယ် ဇာတ်လမ်း လုပ်ကြံ ဖန်တီးခဲ့သည့် ဖခင်ဖြစ်သူ ထောင်ဒဏ် ကျခံရနိုင်

alt

တကမာ္ဘလုံး စိတ်ဝင်စားမှုကို ခံခဲ့ရသည့် ဟီလီယမ် လေ ဘောလုံးနှင့် ကလေးငယ် ဇာတ်လမ်းကို လုပ်ကြံ ဖန်တီးခဲ့သူဟု ယူဆရသည့် ကလေး၏ ဖခင် ရစ်ချတ်ဟီးနီ မှာ (၂၀၁၂)

ခုနှစ်တွင် ကမာ္ဘပျက်မည် ဆိုသော တဘောင် စကားများအပေါ် အလွန် ယုံကြည်နေသူ ဖြစ်ကြောင်း ၎င်း၏ မိတ်ဆွေ များက ထုတ််ဖော် ပြောကြား လိုက်သည်။

ရစ်ချတ်သည် ထိုကိစ္စကို ကျော်ကြားမှု အတွက် လုပ်ကြံ ဖန်တီးခဲ့မှုဖြင့် ရဲက စစ်ဆေး မေးမြန်းမှု စတင်နေပြီ ဖြစ်သည်။ ထို့အပြင် ဟီနီအား ထို ကိစ္စတွင် အကြံပေး ခဲ့သည်ဟု ယူဆရသော ရောဘတ်သောမတ် ကိုလည်း ရဲများက မေးမြန်းမှုများ ပြုလုပ်လျှက် ရှိသည်။

သောမတ်၏ ရှေ့နေ ကမူ ဟီနီသည် ယခင် ကတည်းက (၂၀၁၂) ခုနှစ်တွင် ကမာ္ဘ ပျက်မည်ကို ယုံကြည်နေကြောင်း၊ ထို့ကြောင့်လည်း ၎င်းသည် အချိန်တို အတွင်း ငွေကြေး အမြောက်အမြား ရှာဖွေနိုင်ရေး ကြိုးပမ်း ခဲ့ကြောင်း၊ ထိုမှသာ အလွန် ခေတ်မီသော မြေအောက် ဘန်ကာတခု တည်ဆောက်ပြီး ကမာ္ဘ ပျက်ချိန်တွင် ခိုအောင်း နေနိုင်မည်ဟု မျှော်လင့် နေကြောင်း ပြောကြားခဲ့သည်။

ရစ်ချတ်သည် UFO များနှင့် ဂြိုဟ်သားများ အမှန်တကယ် ရှိနေကြောင်း အလွန်အမင်း ယုံကြည်သူ ဖြစ်ပြီး ယခုလည်း ၎င်း၏ လုပ်ရပ်သည် အမှန်တကယ် ကမာ္ဘသိ ဇာတ်လမ်းကြီး ဖြစ်လာသည်။ ဟီနီ နှင့် ၎င်း၏ ဇနီးတို့သည် ကလေးငယ် လေဘောလုံးတွင် ပါသွားကြောင်း ရဲတပ်ဖွဲ့ကို ဆက်သွယ် အကြောင်းကြား ပြီးနောက် သတင်းများက မျိုးစုံခန့်မှန်း ရေးသားခဲ့ကြပြီး အချို့က ကလေးမှာ လေဘောလုံးမှ ပြုတ်ကျကာ သေဆုံးခဲ့ပြီ ဟူ၍ လည်းကောင်း၊ အချို့ကလည်း UFO တစင်းက ကလေးကို ကြားဖြတ် ကယ်တင်သွားသည် ဟူ၍ လည်းကောင်း အမျိုးမျိုး ရေးသားခဲ့ရာ လူအများ ဇဝေဇဝါ ဖြစ်စရာများ ကြံုခဲ့ရသည်။

သို့သော်လည်း (၆)နှစ် အရွယ် ကလေးငယ်မှာ နေအိမ်တွင်ပင် ပုန်းအောင်း လျှက်သား ရှိနေကြောင်း ရဲများက စစ်ဆေး တွေ့ရှိခဲ့ပြီး နောက်ပိုင်းတွင် ဟီနီက TV အစီအစဉ် တခုအဖြစ် ထုတ်လွှင့်လို၍ စီမံခဲ့ခြင်း ဖြစ်ကြောင်း ၀န်ခံခဲ့သည်။

သို့သော်လည်း ၎င်းအား ရဲတပ်ဖွဲ့က လီဆယ် လှည့်ဖျားမှုဖြင့် အမှုဖွင့် စုံစမ်းနေသည်။ အကယ်၍ ပြစ်မှု ထင်ရှားပါက အကြီးမားဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် (၆)နှစ်ထိ ချမှတ် နိုင်သည်ဟုလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here