Windows 7 အမှာစာများ Amazon သမိုင်းတလျှောက် စံချိန်တင် အများဆုံးဖြစ် ဟုဆိုပြီ

alt

Online ရောင်းဝယ်ရေး ၀ဘ်ဆိုဒ်ကြီး Amazon က Windows 7 သည် ၎င်းတို့၏ ၀ဘ်ဆိုဒ် သမိုင်းတလျှောက် အမှာစာ အများဆုံး လက်ခံ ရရှိခဲ့သည့် Harry Potter ၀တ္ထု၏ စံချိန်ကို ဖြတ်ကျော် သွားခဲ့ပြီ

ဖြစ်ကြောင်း ထုတ်ဖေါ်ပြောဆို လိုက်သည်။

Microsoft သည် ၎င်းတို့၏ Operating System အသစ် Windows 7 ကို အောက်တိုဘာ (၂၂)ရက် နေ့တွင် စတင်ဖြန့်ချီ ခဲ့ခြင်းဖြစ်ပြီး စာရေးဆရာမ ဂျေကေရိုးလင်း ၏ နောက်ဆုံး ထွက်ရှိသော Harry Potter စာအုပ် The Deathly Hallows ထက်ပင် အမှာစာများ ပိုမိုရရှိခဲ့ကြောင်း Amazon က အတည်ပြု ပြောဆိုခဲ့သည်။

Amazon ၏ ဗြိတိန် နိုင်ငံဆိုင်ရာ ဒါရိုက်တာဖြစ်သူ ဘရိုင်ယန် မက်ဘရိုက် က Windows 7 သည် လူတိုင်း၏ အာရုံကို ဖမ်းစား ထားနိုင်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ လက်ရှိ အချိန်တွင် Windows 7 အတွက် အမှာစာ အမြောက်အမြားကို လက်ခံရရှိပြီး ဖြစ်သည့်တိုင် ၀ယ်လိုအားမှာ ဆက်လက်မြင့်မား နေဆဲပင်ဖြစ်ကြောင်း မက်ဘရိုက် က ဆိုသည်။

ကမာ္ဘပေါ်ရှိ ကွန်ပြူတာ အသုံးပြုသူ သန်းပေါင်း များစွာတို့သည် မိမိတို့၏ ကွန်ပြူတာတွင် မထွက်ခင် ကတည်းက နာမည်ကြီး နေသည့် Operating System အသစ်ကို စမ်းသပ် သုံးစွဲနိုင်ရန် ယခု ကတည်းက အာသီသ ပြင်းပြနေကြပြီး၊ Microsoft သည် Windows 7 ကို ပိုမိုပေါ့ပါး တည်ငြိမ်အောင်၊ အမှား နည်းပါးအောင် တီထွင်ထားပြီး Feature အသစ်များ ကိုလည်း ထည့်ပေးထားရာ အကြို လေ့လာမှု များအရ အကောင်းဆုံး Operating System ဖြစ်လာနိုင်ကြောင်း နည်းပညာရှင် များ၏ ထောက်ခံမှု အများအပြား ရရှိထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here