မြန်မာနိုင်ငံနှင့် ဆက်ဆံရေး အပေါ် အမေရိကန် အစိုးရ သတိထားလျှက် ရှိနေ

alt

မြန်မာ နိုင်ငံနှင့် ဆက်ဆံရာတွင် တိုးတက်မှုမှာ နှေးကွေးပြီး အထိပါး အတိမ်းစောင်း မခံနိုင်သည့် အနေ အထားမျိုး ရှိနိုင်ကြောင်း အမေရိကန် အစိုးရက ယမန်နေ့က ပြောကြား လိုက်သည်။

မြန်မာ နိုင်ငံသို့ ရှားရှားပါးပါး အမေရိကန် ကိုယ်စားလှယ် အဖွဲ့တခု စေလွှတ်ရန် စီစဉ် ထားကြောင်း အမေရိကန် အစိုးရက အောက်တိုဘာ (၂၁)ရက် နေ့တွင် ကြေညာထားပြီး မြန်မာ့အရေးကို ကိုင်တွယ် ရသည်မှာ မြောက်ကိုရီးယား ထက်ပင် ခက်ခဲ နိုင်ကြောင်း အမေရိကန် အစိုးရအဖွဲ့က သုံးသပ် ထားကြသည်။

အမေရိကန် အစိုးရ၏ အရှေ့အာရှဆိုင်ရာ လက်ထောက် အတွင်းရေးမှူး ကတ်ကင်းဘဲလ် က အမေရိကန်နှင့် ဆက်ဆံရေး မပြေလည်သည့် မြန်မာ စစ်အစိုးရအား ညှိနှိုင်းရန်မှာ ခက်ခဲဖွယ် ရှိကြောင်း ၀န်ခံခဲ့သည်။

လာမည့် သီတင်းပါတ် အနည်းငယ် အတွင်း မိမိတို့သည် မြန်မာနိုင်ငံသို့ ကိုယ်စားလှယ် အဖွဲ့တခု စေလွှတ်မည် ဖြစ်ကြောင်း၊ ယင်းအဖွဲ့သည် ထိုနိုင်ငံ၏ လက်ရှိ အခြေအနေကို အတိအကျ ဖော်ထုတ်နိုင်မည်ဟု မျှော်လင့်ကြောင်း ကင်းဘဲလ် က ပြောကြားလိုက်သည်။

ကင်းဘဲလ် က ထိုအဖွဲ့တွင် မည်သူများ လိုက်ပါမည်ကို တိတိကျကျ ပြောဆိုခြင်း မရှိသော်ငြားလည်း၊ အခြား အမည် မဖော်လိုသူ ထိပ်တန်းအရာရှိ တဦးက ကင်းဘဲလ်သည် ယင်းခရီးစဉ်တွင် ကိုယ်တိုင် လိုက်ပါလိုသော်လည်း မြန်မာ စစ်အစိုးရက ၎င်းအား ထိုအခွင့်အရေး ပေး မပေးကိုမူ သေချာ မသိနိုင်သေးကြောင်း ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here