လီဗာပူး နည်းပြအား အလျင်စလို မထုတ် ပယ်သင့်ဟု အီယန်ရက်ရှ် ပြောကြား

alt

လီဗာပူးအသင်း အနေနှင့် လက်ရှိနည်းပြ ရာဖေး ဘင်နီတက်စ် ကို အလျင်စလို မထုတ်ပယ် သင့်ကြောင်း အသင်း၏ ဂန္တဝင် ကစားသမား ဟောင်းကြီး အီယန်ရက်ရှ်က ပြောကြား လိုက်သည်။

လီဗာပူးသည် အောက်တိုဘာ (၂၀)ရက် နေ့က အိမ်ကွင်းတွင် ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် ပြင်သစ်ကလပ် လီယွန်နှင့် ယှဉ်ပြိုင်ရာ (၂-၁) ဖြင့် အရေးနိမ့် ခဲ့သည်။ ထိုပွဲ အရှုံးသည် လီဗာပူး၏ (၄)ပွဲဆက် အရှုံးဖြစ်လာပြီး ဘင်နီတက်စ် အား ထုတ်ပယ် တော့မည်ဟူသည့် သတင်းများပါ ပျံ့နှံ့ လာခဲ့သည်။

သို့သော်လည်း ရက်ရှ်က ဘင်နီတက်စ်သည် အသင်းအား အကောင်းဆုံး ဦးဆောင်နိုင်သူ တဦးဖြစ်ကြောင်း ထောက်ခံပြီး ၎င်းအတွက် အချိန်ပို ပေးသင့်ကြောင်း ပြောကြားခဲ့သည်။ လီဗာပူးသည် အသင်းကောင်း တသင်းဖြစ်ပြီး ပရိသတ်အင်အား အလွန် တောင့်တင်းကြောင်း၊ ဘင်နီတက်စ် အတွက် ယခု အချိန်သည် ခက်ခဲမှုများ ကြံုနေသော်လည်း ယင်းအား ထုတ်ပယ်ရန်မှာ စောလွန်းသေးကြောင်း ရက်ရှ်က ထောက်ပြခဲ့သည်။

ထို့အပြင် ဘင်နီတက်စ်သည် အသင်းအား လက်ရှိ အခြေအနေ ဆိုးမှ ရုန်းထွက်နိုင်အောင် တာဝန်ယူ ပေးလိမ့်မည်ဟု ရက်ရှ်က ဆိုသည်။ လီဗာပူးသည် ရုန်းကန် နေရချိန်တွင် အကြီးမားဆုံး စိန်ခေါ်မှု တခုအဖြစ် အောက်တိုဘာ (၂၅)ရက် နေ့တွင် အင်္ဂလန်ရှိ လီဗါပူး၏ အခါးသီးဆုံး ပြိုင်ဘက်ဖြစ်သော လက်ရှိချန်ပီယံ မန်ချက်စတာ ယူနိုက်တက်အား ထိပ်တိုက် ရင်ဆိုင်ရမည် ဖြစ်ရာ ဘင်နီတက်စ် အတွက် ဖိအား ပိုများလာဖွယ် ရှိကြောင်း လန်ဒန်မှ လာသော သတင်းများက ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here