Apple Touchscreen Mouse မိတ်ဆက် ပြသ

alt

Apple အနေနှင့် ၎င်းတို့၏ နည်းပညာ အသစ် Mouse တမျိုးကို မိတ်ဆက် ပြသ လိုက်ရာ ပုံသဏ္ဍာန် အားဖြင့် ဆွဲဆောင်မှု ရှိသော်လည်း အသုံးပြု ရာတွင် အခက်အခဲများ ရင်ဆိုင် ရနိုင်ကြောင်း ဝေဖန်ခံနေ ရသည်။

ဖြူလွလွ အရောင်နှင့် အောက်ခံ မျက်နှာပြင်ကို ငွေရောင် ကွပ် ထားသော ခပ်ပြားပြား အသွင်ရှိသည့် ယင်း MX 1100 Mouse ကို Touchscreen နည်းပညာ အသုံးပြု ကွန်ပျူတာ များတွင် အဓိက သုံးစွဲရန် Apple က ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ပုံသဏ္ဍာန်နှင့်၊ အရွယ်အစား အရ ကိုင်တွယ် အသုံးပြု စမ်းသပ် သူများသည် စိတ် အနှောင့်အယှက် ဖြစ်နေရကြောင်း သိရှိရသည်။ ဒီဇိုင်းပိုင်းတွင် လှပ သေသပ်သော်လည်း လက်နှင့် ထိတွေ့မှု အတွက် ချောချောမွေ့မွေ့ အလျဉ်း မရှိလှဟု လေ့လာသူ များက ဆိုသည်။

ထို့အပြင် မူလ Mouse များ သုံးနေကျ လက်ချောင်းများကို အသုံးပြု ရာတွင်လည်း MX 1100 မှာ အဆင်မပြေလှဟု သိရသည်။ Apple သည် ၎င်း၏ Mouse အသစ်ကို ပြားကပ်နေအောင် ပုံစံ ထုတ်ထားသဖြင့် ခလုတ်များကို တိုက်ရိုက် ထိတွေ့ရာတွင် Mouse အသုံးပြုနေသည် နှင့်ပင် မတူကြောင်း လေ့လာသူ များကဆိုသည်။

Apple ကမူ ယင်း၏ ထုတ်ကုန်သစ်သည် သုံးစွဲသူ အရေအတွက် များပြားလာပြီး အသားတကျ ဖြစ်လာပါက သမားရိုးကျ Mouse များကဲ့သို့ပင် အဆင်ပြေပြေ ကိုင်တွယ် လာနိုင်မည် ဖြစ်ကြောင်း ကာကွယ် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here