မြန်မာ နိုင်ငံအတွက် ဥရောပ သမဂ္ဂမှ ရံပုံငွေ ထောက်ပံ့မည်

alt

ဥရောပ သမဂ္ဂသည် မြန်မာနိုင်ငံ အတွင်း အလုပ်အကိုင် နှင့် အစား အသောက် ကဏ္ဍများ အတွက် လုံခြံုမှု ပိုမိုတိုးတက် လာစေမည့် ရံပုံငွေ တခုကို အတည်ပြု ချမှတ်ပေးလိုက် ကြောင်း သိရှိရသည်။

ထိုင်း နိုင်ငံဆိုင်ရာ ဥရောပ ကော်မရှင်မှ ဒေးဗစ်လစ်မင်း က ဥရောပ သမဂ္ဂ သည် ယူရိုငွေ (၃၅)သန်းကို မြန်မာ နိုင်ငံအတွက် (၅)နှစ် ရည်မှန်းချက်ဖြင့် ကူညီ ထောက်ပံ့ သွားရန် အတည်ပြု လိုက်ကြောင်း ဖော်ပြ ထားသည်။

ယင်းငွေကို ယခုလ အနှောင်းပိုင်းမှ စတင်ကာ အစားအသောက် နှင့် အလုပ်အကိုင် ကဏ္ဍများ တိုးတက် မြင့်မားရေး အတွက် ဖော်ဆောင် အသုံးပြုသွားမည် ဖြစ်သည်။ ဥရောပ သမဂ္ဂသည် ယခင် ကလည်း မြန်မာ နိုင်ငံတွင် တိုက်ခတ်သွားသော ဆိုင်ကလုန်း မုန်တိုင်းကြီး နာဂစ်အလွန် ထောက်ပံ့ ပစ္စည်းများ၏ (၆၀) ရာခိုင်နှုန်းကို တာဝန်ယူ လှူဒါန်းခဲ့ဖူးသည်။

ယခု ထပ်မံ လှူဒါန်းသော ငွေကြေးကို ကုလသမဂ္ဂနှင့် အခြားသော ဆက်စပ် အဖွဲ့အစည်းများက တာဝန်ယူ ထိန်းသိမ်း သုံးစွဲသွားရမည် ဖြစ်သည်။ ဥရောပ သမဂ္ဂသည် နာဂစ်ဒဏ်ခံ ပြည်သူများ အတွက် ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင် ကဏ္ဍတို့ အတွက်လည်း ယူရိုသန်း(၁၀၀) သုံးစွဲ ထားခဲ့သေးသည်။

ယခု စီမံကိန်းအတွက် လျာထားငွေကို ရခိုင်၊ ချင်း၊ ရှမ်းနှင့် ကချင်ပြည်နယ်များ ဖွံ့ဖြိုးရေးတွင် အဓိက ရည်ရွယ် သုံးစွဲမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here