ကွန်ဒုံး အသုံးများ လာခြင်းမှာ ကျန်းမာရေး ပညာပေးလုပ်ငန်းများ ထိရောက်မှုကို ဖော်ပြနေ

alt
alt

သန္ဓေတား ဆေးဝါး များ သုံးစွဲမှု အပြင် ကွန်ဒုံး ကိုပါ အသုံးများ လာခြင်း သည် ကျန်းမာရေး ပညာပေး လုပ်ငန်း များ၏ ထိရောက်မှု တိုးများ လာခြင်းကို ဖော်ပြ နေခြင်း ဖြစ်ကြောင်း သိရှိ ရသည်။

ဗြိတိန်နိုင်ငံရှိ အမျိုးသား (၂၅၀၀)ကို ကောက်ခံသော စစ်တမ်းအရ ၎င်းတို့သည် အမြဲတမ်း လက်တွဲ ဖော်များ မဟုတ်သည့် အမျိုးသမီး များနှင့် လိင် ဆက်ဆံရာတွင် ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း ကွန်ဒုံးကို အကြိမ် အတော်များများ သုံးစွဲလာကြောင်း ၀န်ခံခဲ့ကြသည်။ လေ့လာသူ များက သန္ဓေတား ဆေးဝါး အချို့တို့သည် အမျိုးသမီးများ အတွက် သားအိမ် ရောဂါများ အပါအဝင် ကျန်းမာရေး အတွက် ဘေးထွက် ဆိုးကျိုးအချို့ ရှိစေနိုင်ကြောင်း သတိပေး ထားပြီး နောက် ကွန်ဒုံးကို အသုံးပြုရန် ပိုမို သင့်တော်ကြောင်း အကြံပြု ထားခဲ့ ကြသည်။

လေ့လာမှု များအရ လိင်မှုကိစ္စ အားသန်သော ဗြိတိန် အမျိုးသား အတော် များများသည် ပြီးခဲ့သည့်နှစ်မှ စကာ ကွန်ဒုံး ဆောင်ထားမှု သိသိသာသာ တိုးပွားလာကြောင်း သိရှိရသည်။ ထို့အပြင် ကွန်ဒုံးထုတ်လုပ် ရောင်းချသူ များသည် အမျိုးသမီး များကိုလည်း ကွန်ဒုံးဆောင် ထားနိုင်ရန် စည်းရုံး လာနိုင်ကြောင်း သိရသည်။

ကွန်ဒုံးတံဆိပ် အတော် များများသည် အမျိုးသမီးများ အတွက် ရည်ရွယ်သော ကွန်ဒုံးများကို သီးသန့် ထုတ်လုပ်လာကြပြီး၊ ထို့အပြင် ပြီးခဲ့သော နှစ်ပိုင်းအတွင်း ချောဆီနှင့် Vibrator ကဲ့သို့ ပစ္စည်းများ ရောင်းချရမှု သည်လည်း ယမန်နှစ် ကထက် (၂၇) ရာခိုင်နှုန်း တိုးတက် လာကြောင်း Durex အမှတ်တံဆိပ် လိင်မှုပစ္စည်းများ ရောင်းချသည့် ကုမ္မဏီက ဆိုသည်။

သို့သော်လည်း ဈေးကွက်အတွင်း အမျိုးသမီး ကွန်ဒုံးများ ရောင်းချရမှုသည် နည်းပါးနေဆဲ ဖြစ်ပြီး အမျိုးသား များသည် ချောဆီ ပါသော ကွန်ဒုံးများကို ပိုမို ၀ယ်ယူကြောင်း ဗြိတိန်နိုင်ငံ မိသားစုဘဝ လေ့လာရေး အဖွဲ့က ကောက်ခံသော စစ်တမ်းအရ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here