ဘရစ်တနီ စပီးယား ချစ်သူဟောင်းနှင့် ပြန်တွဲနေဟု သတင်းထွက်

alt

ဘရစ်တနီ စပီးယား သည် ချစ်သူဟောင်း ဂျေဆန် ထရာဝစ် နှင့် ပြန်တွဲ နေပြီဟု ဆိုသည်။ Womanizer အဆိုတော် သည် သူမ၏ အေးဂျင့် ဟောင်း ဂျေဆန် နှင့် ဩဂုတ်လ

အတွင်းက လမ်းခွဲခဲ့ပြီး (၅)လ အကြာ အချစ် ဇာတ်လမ်းကို အဆုံးသတ် ခဲ့သည်။ သို့သော်လည်း သူမတို့ နှစ်ဦးကို ယခုလ အစောပိုင်းက ကယ်လီဖိုးနီးယား ရှိ Mall တခုအတွင်း ချစ်ခင်ကျီစယ် နေကြသည်ကို တွေ့ရှိ ခဲ့ရသည်ဟု သတင်း များက ဆိုကြသည်။

National Enquire မဂ္ဂဇင်း၏ ဖော်ပြချက်အရ ဘရစ်တနီသည် အေးဂျင့်ဟောင်း နှင့် အချိန်ဖြုန်း နေခဲ့ကြောင်း၊ ယခုအခါ ဂျေဆန်သည် ဘရစ်တနီ၏ ဩစတြေးလျ ဖျော်ဖြေပွဲ အစီအစဉ်သို့ လိုက်ပါရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

ဘရစ်တနီ၏ ဖခင် ဂျေမီက သူမ၏ သမီးသည် ကီဗင် ဖီဒါလိုင်း နှင့် လမ်းခွဲပြီးနောက်ပိုင်း ချစ်သူသစ် တဦးကို အတည်တကျ ထားရန် ထိတ်လန့်နေကြောင်း ပြောကြားခဲ့သည်။ အသက် (၂၇)နှစ် အရွယ် ဘရစ်တနီသည် အချစ်ရေးတွင် ကံခေပြီး အထီးကျန်သူ တဦးဖြစ်ကြောင်း သူမ၏ မိတ်ဆွေများက ဆိုသည်။

ဂျေဆန်၏ သူငယ်ချင်း များကလည်း ဂျေဆန်သည် ဘရစ်တနီ အတွက် အမှန်တကယ် စိတ်ပူ နေမိသည်ဟု ပြောဆိုခဲ့သည်။ ထို့အပြင် ဘရစ်တနီနှင့် ဝေးကွာနေစဉ် တွင်လည်း ဂျေဆန်သည် ချစ်သူဟောင်းအား သတိတရရှိပြီး အစဉ်အမြဲ လွမ်းဆွတ် နေကြောင်း ၎င်း၏ သူငယ်ချင်း များက ထိုသို့ ဟောလီးဝုဒ် သတင်းရပ်ကွက် မီဒီယာများသို့ ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here