အမေရိကန်မှ လေဘောလုံး ကလေးငယ်၏ ဇာတ်လမ်း မပြီးပြတ်နိုင်သေး

alt

အမေရိကန် ရဲတပ်ဖွဲ့က မပြီးပြတ် နိုင်သေးသော လေဘောလုံး ဇါတ်လမ်း နှင့် ကလေးငယ် ကိစ္စအတွက် အသံသွင်း တိပ်ခွေကို ထုတ်ပြန် ကြေညာ လိုက်သည်။

ယင်း တိပ်ခွေမှာ ကော်လိုရာဒိုတွင် နေထိုင်သည့် ကလေးငယ်၏ မိဘနှစ်ပါး ဖြစ်သော  ရစ်ချက်ဟီနီး နှင့် မာယူမီ ဟီနီး တို့နှစ်ဦး က 911သို့ ဖုန်းဆက်ပြီး အရေးပေါ် အကူအညီ တောင်းခံမှုကို အသံသွင်းထားခြင်း ဖြစ်သည်။

(၆)နှစ် အရွယ် ကလေးငယ် တဦးသည် ဖခင်၏ ဟီလီယမ် လေဘောလုံး နှင့်အတူ လေထဲ ပါသွားကြောင်း သတင်းများ ယခုလ အစောပိုင်းက ပျံ့နှံ့နေခဲ့ပြီး ယင်းကိစ္စကို တကမာ္ဘလုံးက အာရုံစိုက် ခဲ့ကြသည်။

ထို လေဘောလုံးကို ပြန်လည် ရရှိချိန်တွင် ကလေးကို လုံးဝမတွေ့ ရှိရတော့ပေ။ သို့သော်လည်း ယင်း ယောက်ျားလေးအား အိမ်ရှိ သေတ္တာတလုံးတွင် ပုန်းအောင်း နေသည်ကို နောက်ပိုင်းတွင် ဖော်ထုတ် တွေ့ရှိခဲ့ကြသည်။ ရဲတပ်ဖွဲ့က ယခု ကိစ္စသည် ကလေး၏ မိဘနှစ်ပါး တမင်တကာ လူသိများအောင် လီဆယ် စတန့်ထွင်ခြင်းဟု ယူဆကာ တရားစွဲရန် စဉ်းစားနေသည်ဟု ဆိုသည်။

သို့တိုင်အောင် ထွက်ပေါ်လာသော မှတ်တမ်း တိပ်ခွေများအရ ဖခင်ဖြစ်သူ ရစ်ချတ်သည် အလွန်စိုးရိမ် ပူပင်နေဟန်နှင့် အသက်မရှုတမ်း အကူအညီ တောင်းလျှက်ရှိရာ ရဲများအနေနှင့် ခေါင်းစားစရာ ဖြစ်နေခဲ့ရသည်။ ထို့အပြင် ဇနီးသည်၏ စိုးရိမ်တကြီး ငိုကြွေး နေသံကိုပါ အတိုင်းသား ကြားနေရသည် ကော်ရိုရာဒို ရဲတပ်ဖွဲ့မှ ဆိုသည်။

ရဲတပ်ဖွဲ့သည် ထိုအကြောင်း ကြားမှုကို လက်ခံရရှိပြီး သည်နှင့် ပြည်တွင်း လေယာဉ်ပျံသန်းမှု ထိန်းသိမ်းရေး ဌာနကို ချက်ချင်း ဆက်သွယ်ခဲ့ပြီး ထိုမှတဆင့် သတင်းမှာ နာမည်ကြီးသည် ထက်ကြီးပြီး ကမာ္ဘသိ ဖြစ်သွားရခြင်း ဖြစ်သည်ဟု ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here