Windows 7 မထွက်ရှိမီ ကတည်းက အမှာစာ အမြောက်အများ ရရှိထား

alt

အောက်တိုဘာ (၂၂) ရက်နေ့တွင် တရားဝင် စတင်ဖြန့်ဖြူး ရောင်းချ တော့မည့် Microsoft ၏ Operating System အသစ် Windows 7 သည် မထွက်လာမီ သီတင်းပါတ် အနည်းငယ် အကြာကပင်

အမှာစာ အမြောက်အများ ရရှိထားပြီ ဖြစ်သည်။

အထူးသဖြင့် Laptop ရောင်းချသူများသည် Windows 7 ကို Install လုပ်ထားသည့် Notebook နှင့် Netbook များအတွက် ကြိုတင် အမှာစာ အမြောက်အများကို ရရှိထားကြောင်း ပြောကြားခဲ့သည်။ Laptop များကို အောက်တိုဘာ (၂၁)ရက်နေ့ ည (၁၁)နာရီတွင် စတင် ရောင်းချမည် ဖြစ်သော်လည်း PC များကိုမူ နောက်တရက်ကျမှ ရောင်းချမည် ဖြစ်ကြောင်း သိရှိရသည်။

Windows 7 စံနစ်သည် အစမ်းလည်ပတ် သုံးစွဲချိန် ကတည်းက Microsoft ၏ ထုတ်လုပ်ခဲ့သမျှ Windows စံနစ်များ အနက် တည်ငြိမ်မှု အရှိဆုံးအဖြစ် ချီးကျူး ခံထားရသည်။ Dell၊ Best Buy စသော ကွန်ပျူတာ ရောင်းချရေး ဌာနများသည် Windows 7 စံနစ်သုံး Laptop များအတွက် မျှော်လင့် ထားသည်ထက် အမှာစာများ ကြိုရောက်ခဲ့ကြောင်း အတည်ပြုထားသည်။

HP ကလည်း Online မှတဆင့် အမှာစာ အမြောက်အများ လက်ခံ ရရှိထားကြောင်း အတည်ပြု ကြေညာခဲ့သည်။ Windows 7 သည် တည်ဆောက်ပုံ အရ 32bit နှင့် 64bit ဟူ၍ နှစ်မျိုး ထုတ်လုပ်ထားပြီး Microsoft ၏ နာမည်ပျက်ခဲ့သော Vista ၏နေရာတွင် သိက္ခာဆယ် အစားထိုးနိုင်မည့် Operation System အဖြစ် မျှော်လင့်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here