āမြန်မာနိုင်ငံသို့ ပျံသန်းသည့် ခရီးစဉ် ရပ်ဆိုင်းရေး တောင်းဆိုမှုအား Jetstar Asia လေကြောင်း ငြင်းဆန်

alt

Jetstar Asia လေကြောင်းလိုင်း၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် (၄၉) ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံ ထားသည့် ဩစတြေးလျ Qantas လေကြောင်း လိုင်းက မြန်မာနိုင်ငံသို့ ပျံသန်းသော ခရီးစဉ် ရပ်ဆိုင်းရေး တောင်းဆိုမှု

များကို ငြင်းဆန် လိုက်သည်။

အောက်တိုဘာ (၂၁)ရက် နေ့က ပါတ်မြို့တွင် ကျင်းပသည့် အမျိုးသား သယ်ယူ ပို့ဆောင်ရေး နှစ်ပတ်လည် အထွေထွေ အစည်းအဝေး အပြင်ဘက်တွင် တဒါဇင်ကျော်ကျော်မျှ ရှိသော ဆန္ဒပြသူ များသည် Jetstar ၏ မြန်မာနိုင်ငံ ခရီးစဉ်ကို ရပ်ဆိုင်းရန် အော်ဟစ် ကြွေးကြော် ခဲ့ကြသည်။

၎င်းတို့က Jetstar ၏ ပျံသန်းမှု ခရီးစဉ်များသည် မြန်မာစစ်အစိုးရ အပေါ် ငွေကြေးအရ ထောက်ပံ့ နေကြောင်းလည်း စွပ်စွဲကြသည်။ Qantas ၏ အမှုဆောင်ချုပ် အလန်ဂျွိုက်က Jetstar သည် မြန်မာနိုင်ငံ ကိစ္စနှင့် ပတ်သက်ပြီး တိကျသည့် ညှိနှိုင်းရေး မူဝါဒ တခုကို တည်ဆောက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက Jetstar သည် ပျံသန်းမှုကို ရပ်ဆိုင်းရန် မရည်ရွယ်သော်လည်း ရရှိလာသော ၀င်ငွေများအနက် အချို့ကို မြန်မာ့အရေး လှုပ်ရှားမှု အသင်းအဖွဲ့များ အတွက် ရံပုံငွေ ထည့်ဝင်သွားမည်ဟု ကတိပြုခဲ့သည်။ သို့သော်လည်း မြန်မာစစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှု အသင်းအဖွဲ့ များကမူ Jetstar ၏ မြန်မာ စစ်အစိုးရနှင့် ပတ်သက်မှုကို ရပ်ဆိုင်းရန် တွင်တွင်ကျယ်ကျယ် တောင်းဆိုနေကြဆဲ ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here