မန်ယူနှင့် လီဗာပူးတို့မှ ခေါ်ယူလိုသည့် ကစားသမား ပို့မောက်စ်တွင် အစမ်းလေ့ကျင့်နေ

alt

မန်ချက်စတာ ယူနိုက်တက် နှင့် လီဗာပူး အသင်းများ၏ တချိန်က ပစ်မှတ် ဖြစ်ခဲ့သော ချာနိုဆမ်ဘာ အား ပို့မောက်စ် အသင်းက အစမ်းခေါ်ယူ လေ့ကျင့် နေကြောင်း သိရှိရသည်။

ပွမ်ပေမြို့ခံ ကလပ်အသင်း၏ မန်နေဂျာ ပေါဟတ်က အသက် (၂၄)နှစ် အရွယ် ဂမ်ဘီယာ လက်ရွေးစင် ကစားသမားလေးအား သဘောကျပါက အမြဲတမ်း စာချုပ်သွားရန် မျှော်လင့်နေသည်။

ပလိုင်းမောက် နှင့် မီဝေါ တို့တွင် ကစားဖူးသည့် ဆမ်ဘာသည် ဖင်လန်ကလပ် FC ဟာကာ နှင့် စာချုပ် ဖျက်သိမ်းပြီး နောက် ဖေဖော်ဝါရီလ ကတည်းက အသင်းလက်မဲ့ ဖြစ်နေခဲ့ရသည်။

ရှေ့တန်း တိုက်စစ်တွင် ခြေစွမ်းပြ ကစားနေသည့် ဆမ်ဘာအား တချိန်က ယူနိုက်တက်ရော၊ လီဗာပူးပါ စိတ်ဝင်စား ခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ပျက်ပြယ် ခဲ့ရသည်။ သို့သော်လည်း ယခုအခါ ပို့စ်မောက် နှင့်အတူ ပရီးမီးယားလိဂ်တွင် ထွန်းတောက်ခွင့် ရရန် မျှော်လင့်မိကြောင်း ဆမ်ဘာက ထုတ်ဖော် ပြောဆိုသွားသည်။

နည်းပြ ဟတ်က ဆမ်ဘာအား နှစ်သက်ပါက အသင်းတွင် ကာလတို စာချုပ်တရပ် ချုပ်ဆိုခွင့် ပေးသွားမည် ဖြစ်ကြောင်း အတည်ပြု ပြောကြား ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here