အိနိ္ဒယ ရထားလမ်းချော်မှု အနည်းဆုံး၂၁ ဦးသေဆုံး

alt

အိန္ဒိယ နိုင်ငံတွင် ရထားတစင်း လမ်းချော် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ(၂၁)ဦး သေဆုံး ခဲ့ရကြောင်း သိရှိ ရသည်။

မက်သူအာ မြို့တွင် ဖြစ်ပွားခဲ့သော ယင်းရထား မတော်တဆ အမှုတွင် ရထားတစင်းက အခြား တစင်းကို နောက်ပိုင်းမှ ၀င်တိုက်မိပြီး လမ်းချော် သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ရထားလမ်း ရဲများက နောက်ထပ် ခရီးသည် (၂၀)ကျော်တို့ ဒဏ်ရာ ရရှိကြောင်း ပြောဆိုထားပြီး ရထားတိုက်မှုသည် အောက်တိုဘာ (၂၁)ရက်နေ့ ဒေသစံတော်ချိန် နံနက် လင်းအားကြီး (၄း၅၀) နာရီတွင် ဖြစ်ပွားခဲ့ခြင်းဟု ကြေညာ သွားခဲ့သည်။

ဂိုအာမှ ဦးတည် ခုတ်မောင်းလာသော ရထားသည် နယူးဒေလီ မြို့တော် အနောက်တောင်ဘက် (၉၈)မိုင် အကွာတွင် လမ်းချော် တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။ ယခု ရထား မတော်တဆမှု ဖြစ်ပွားပြီးနောက် ရထားခရီးစဉ် အတော်များများကို ရွှေ့ဆိုင်း ထားလိုက်ရကြောင်းလည်း သိရှိရသည်။

အိန္ဒိယ နိုင်ငံသည် ရထားလမ်း ကီလိုမီတာ (၆၃၀၀၀)ကျော် ယှက်သန်း သွယ်တန်းထားပြီး ရထားလမ်း စံနစ်တွင် အာရှတိုက်၏ အအိုမင်းဆုံး လမ်းပိုင်းများကို ဆက်လက် အသုံးပြုကာ နေ့စဉ်လူပေါင်း (၁၅)သန်း နှင့် ကုန်စည်တန်ချိန် (၁.၄)သန်းကို သယ်ယူပို့ဆောင် ပေးနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here