ထိုင်းနိုင်ငံတွင် စမ်းသပ်ခဲ့သည့့် HIV ကာကွယ်ဆေး အကျိုးသက်ရောက်မှု ကောင်းမွန်

alt

ထိုင်းနိုင်ငံတွင် စမ်းသပ်ခဲ့သော HIV ကာကွယ်ဆေး အစီအစဉ် သည် ကောင်းမွန်သော အကျိုး သက်ရောက် မှုများ ရရှိခဲ့ကြောင်း တာဝန်ှရှိသူ များက ပြောကြားလိုက်ပြီ ဖြစ်သည်။

ပြီးခဲ့သည့် လက ပညာရှင်များသည် အသက်(၁၈)နှစ် မှ (၃၀)နှစ်ကြား လူပေါင်း (၁၆၀၀၀)ကို စမ်းသပ်ခဲ့ရာ ကာကွယ်ဆေး၏ အာနိသင် သက်ရောက်မှု (၃၁) ရာခိုင်နှုန်း အထိ ရှိနေသည်ကို ညွှန်ပြခဲ့ကြောင်း ကြေညာ သွားသည်။

သို့သော်လည်း ထိုစဉ် ကတည်းက ဆေး၏ စွမ်းအင်အပေါ် သံသယ အချို့မှာ ဆက်လက် ကျန်ရှိ နေခဲ့သည်။ ယခု အခါတွင်မူ အချက်အလက် အသစ် အချို့ကို ပဲရစ်မြို့ ဆေးပညာ ကွန်ဖရင့်တွင် ထုတ်ပြန်ခဲ့ရာ ကာကွယ်ဆေး နှင့် ပတ်သက်ပြီး ကောင်းကျိုးများ ရှိနေသည်ကို လက်တွေ့ ပြသနိုင်ခဲ့သည်။

အမေရိကန် စစ်တပ်၊ HIV သုတေသန အစီအစဉ်မှ ဗိုလ်မှူးကြီး နယ်လ်ဆင်မိုက်ကယ် က ယခု ရလဒ်သည် ရာနှုန်းပြည့် အောင်မြင်မှုနှင့် နှိုင်းယှဉ်ပါက သေးငယ်သော ခြေလှမ်း တရပ်သာ ဖြစ်သေးသော်လည်း ရလဒ်အားဖြင့် အောင်မြင်ကြောင်း အတည်ပြုခဲ့သည်။

(၂၆)နှစ် လုံးလုံး ကြံစည် ကြိုးပမ်းခဲ့ပြီးနောက် HIV ပိုးကို တားမြစ်နိုင်မည့် ပထမဆုံး မျှော်လင့်ချက်ကို တွေ့ရှိလာခြင်း အတွက် ကျေနပ်ကြောင်းလည်း မိုက်ကယ်က ဆိုသည်။ ပညာရှင်များ ကမူ ယခုဆေး၏ အကျိုး သက်ရောက်မှုသည် လူ (၃)ဦးတွင် (၁)ဦးကို ထိထိရောက်ရောက် ကာကွယ်မှု ပေးနိုင်ကြောင်း၊ မူလက ကနဦး စမ်းသပ်ချက်တွင် ယင်းအကျိုး သက်ရောက်မှုလောက် ရရှိမည်ဟုပင် မျှော်လင့် မထားကြောင်း ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here