ထာဝရ Sexy အဖြစ်ဆုံးအဖြစ် ဂျွန်နီဒိ(ပ်) နှင့် မီဂန်ဖော့စ် တို့ရရှိ

alt

Empire မဂ္ဂဇင်းက ရွေးချယ်သည့် ထာဝရ Sexy အဖြစ်ဆုံး ရုပ်ရှင် စတားများ စာရင်းတွင် မင်းသား ဂျွန်နီဒိ(ပ်) နှင့် မင်းသမီး မီဂန်ဖော့စ်တို့ အရွေးချယ် ခံရကြောင်း သိရှိရသည်။

Pirates of Caribbean ဇာတ်ကားမှ အသက် (၄၂)နှစ် အရွယ် မင်းသားသည် ဆယ်ကျော်သက် မိန်းကလေး ပရိသတ်များ သဲသဲလှုပ် အားပေးနေသည့် Twilight ဇာတ်ကားမှ မင်းသား ရောဘတ် ပက်တင်တန် နှင့် Iron Man ဇာတ်ကားမှ မင်းသား ရောဘတ်ဒေါင်နီ ဂျူနီယာ တို့ကို ကျော်ဖြတ်ပြီး ပထမနေရာ ရပ်တည်ခဲ့သည်။

ထို့အပြင် ဘရက်ပစ်က နံပါတ်(၄) နှင့် Batman မင်းသား ခရစ်စတီယန်ဘေး တို့က နံပါတ်(၅)တွင် ချိတ်ခဲ့ကြောင်း Daily Star သတင်းတွင် ဖော်ပြ ထားသည်။

မင်းသမီး များအနက် ဖော့စ်သည် ပစ်၏ချစ်သူ အိန်ဂျယ်လီနာ ဂျိုလီ ကို ဖြတ်ကျော်ပြီး ထိပ်ဆုံးနေရာတွင် အရယူကာ ရှိနေခဲ့သည်။ Harry Potter ဇာတ်ကားမှ မှော်ကဝေမလေး အမ်မာဝတ်ဆင် က တတိယ၊ စကားလက် ဂျိုဟန်ဆန် က စတုတ္ထနှင့် Star Trek မင်းသမီး ဇိုးဆာလာဒန်းနား က ပဥ္စမနေရာ အသီးသီး ရရှိသွားကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here