ရစ် ဟာရီကိန်း မုန်တိုင်း အပူပိုင်းမုန်တိုင်း အဆင့်သို့ အားပျော့ကာ ကုန်တွင်း ဝင်ရောက်ဖွယ်ရှိ

alt

မက္ကစီကို နိုင်ငံသို့ ဦးတည်နေသော ရစ် (Rick) ဟာရီကိန်း မုန်တိုင်းကြီး သည် ယခုအခါ အပူပိုင်း မုန်တိုင်းအဆင့်သို့ အားပျော့ ရောက်ရှိ သွားကြောင်း အမေရိကန် အမျိုးသား ဟာရီကိန်း လေ့လာရေး

စင်တာက ပြောကြားလိုက်သည်။

သို့သော်လည်း ရေကြီးမှု၊ မြေပြိုမှုများ ဖြစ်လာ နိုင်ကြောင်းမူ စင်တာက သတိပေး ပြောဆိုထားသည်။ ရစ်၏ လေတိုက်နှုန်းသည် တနာရီ မိုင်(၁၁၀) ၀န်းကျင်မှ အောက်တိုဘာ (၁၉)ရက်နေ့ ညပိုင်းတွင် မိုင်(၇၀)နှုန်း အထိ ကျဆင်းသွားကြောင်း သိရှိရသည်။

ရစ်သည် အရှိန်အဟုန် အမြင့်ဆုံး ရောက်ရှိနေချိန်တွင် ပစိဖိတ် သမုဒ္ဒရာ အရှေ့ပိုင်းတွင် သမိုင်းတလျှောက် ဒုတိယမြောက် အားအကောင်းဆုံး ဟာရီကိန်းအဖြစ် သတ်မှတ် ခံခဲ့ရသည်။ ကျွမ်းကျင်သူ များက ရစ်သည် ဆန်လူးကက် အပမ်းဖြေ ဆိပ်ကမ်းမြို့သို့ ဦးတည်ပြီး အောက်တိုဘာ (၂၁)ရက်နေ့တွင် ကုန်းတွင်းသို့ ၀င်ရောက်နိုင်ကြောင်း ခန့်မှန်း ထားကြသည်။

ရစ်ကြောင့် ဘာဂျာကျွန်းဆွယ် တောင်ပိုင်း ဒေသများတွင် မိုးရေချိန် (၄) လက်မမှ (၁၀) လက်မအထိ ရောက်ရှိ နိုင်သည်ဟုလည်း ပညာရှင်များက ပြောဆိုလိုက်၏။ ထို့အပြင် မုန်တိုင်းအတွင်း အိုးအိမ်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်လာနိုင်သဖြင့် တာဝန်ရှိသူ များက အရေးပေါ် ရွက်ဖျင်တဲများ ကြိုတင် စီစဉ်နေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here