အာဆီယံ လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်အဖွဲ့ မြန်မာ့အရေး မဖြေရှင်းနိုင်

alt

အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အနေနှင့် လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့် အဖွဲ့တခု ဖွဲ့စည်းသွားရန် ယခု သီတင်းပါတ် အတွင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

သို့သော်လည်း ယင်း အဖွဲ့တွင် ကမာ္ဘပေါ်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှု အဆိုးရွားဆုံး နိုင်ငံတခု ဖြစ်သည့် မြန်မာနိုင်ငံ ပါ၀င်နေပြီး စစ်အစိုးရ၏ လူ့အခွင့်အရေးကို မျက်ကွယ်ပြုပြီး ရက်စက် ယုတ်မာစွာ ပြုကျင့်နေမှု များကို ယင်း အဖွဲ့အနေနှင့် မဖြေရှင်းနိုင်ခြင်း အပေါ် ဝေဖန်မှုများ မြင့်တက် လာခဲ့သည်။

မြန်မာ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် သည် အာဆီယံ နှစ်ပါတ်လည် အစည်းအဝေး သို့ တက်ရောက် နေချိန်တွင် ယခု လူ့အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့သည် မြန်မာအား ထိုအဖွဲ့ အတွင်း Member အဖြစ် ထည့်သွင်းထားမှုမှာ ရယ်စရာ ကောင်းကြောင်း အာဆီယံဆိုင်ရာ မြန်မာ့အရေး လေ့လာသူ ဒက်ဘီစတိုးဟက် က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား (၂၀၀၀) ကျော်ကို ဆင်းရဲ ချို့တဲ့စွာ ဖမ်းဆီး အကျဉ်း ချထားခြင်းသည့် လူ့အခွင့်အရေး အဆိုးဝါးဆုံး အစိုးရ အုပ်ချုပ်ရာ နိုင်ငံတခုဖြစ်သည်ဟု မီးမောင်း ထိုးပြ လိုက်သည်။

အာဆီယံ အနေနှင့် ယင်း အခြေအနေကို သိနေမြင်နေလျက်နှင့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ပြဿနာ များကို မျက်ကွယ်ပြု ထားခြင်းမှာ အလွန်တရာ စိတ်ပျက်စရာ ကောင်းကြောင်း ဒက်ဘီက ဝေဖန်ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here