ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ ကာကွယ်မှု ပေးရေး တောင်းဆိုမှု အောင်မြင်ခဲ့ ဟုဆို

alt

ထိုင်းနိုင်ငံတွင် သွားရောက် အလုပ် လုပ်ကိုင်နေသော မြန်မာ နိုင်ငံသားများ အား တရားဥပဒေ အရ အကာအကွယ် ပေးရန် တောင်းဆိုခဲ့မှု အောင်မြင်ခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သော သီတင်းပါတ် အကုန်က မြန်မာနိုင်ငံ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့် နှင့် ထိုင်းနိုင်ငံ အလုပ်သမားရေးရာ ၀န်ကြီးတို့ တွေ့ဆုံ ဆွေးနွေးပြီးနောက် ယခုလို သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။

ဦးမောင်မြင့် သည် ထိုင်းကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာ့ တရားမဝင် အလုပ်သမား များကို တရားဝင် မှတ်ပုံတင်ခွင့် ပေးရေး၊ ဗီဇာစရိတ်များ လျှော့ချရေး၊ အလုပ်အကိုင် စာချုပ်များ တည်မြဲရေး၊ အေဂျင်စီများမှ ကောက်ခံသော ၀န်ဆောင်ခများ လျော့နည်း လာစေရေး စသည်တို့ကို ဆွေးနွေးခဲ့သည်။

ထိုင်းနိုင်ငံသို့ အလုပ်သမားရေးရာ ၀န်ကြီး ဖေသွန်းကေအော့သုန်း ၏ ဖိတ်ကြားချက်ဖြင့် ရောက်ရှိနေသော ဦးမောင်မြင့် သည် မြန်မာ့  ရွှေ့ပြောင်း အလုပ်သမားများ အတွက် အကာအကွယ် ပေးနေသည့် အဖွဲ့အစည်း များနှင့်လည်း တွေ့ဆုံ ဆွေးနွေးကာ အလုပ်သမားများ အတွက် တရားဝင် အခွင့်အရေးများ ရရှိရန် နှီးနှောတိုင်ပင် ခဲ့သည်။

ထိုင်းနိုင်ငံသည် တရားမဝင် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ဝင်ရောက် လုပ်ကိုင်မှု အများဆုံး အိမ်နီးချင်းနိုင်ငံ တခုဖြစ်ပြီး ဖူးခက်မြို့  တမြို့ထဲတွင်ပင် မြန်မာလုပ်သား တသိန်းကျော် ရှိသည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here