အင်ဒိုနီးရှား သမတ ဒုတိယ အကြိမ်မြောက် ရွေးချယ်ခံရ၍ ကျမ်းသစ္စာ ကျိန်ဆို

alt

အောက်တိုဘာ (၂၀)ရက် နေ့က ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ဆူဆီလို ဘမ်ဘန်း ယူဒါဟွိုင် အွန်နိုသည် အင်ဒိုနီးရှားနိုင်ငံ သမိုင်းတလျှောက်

ပထမဆုံး အကြိမ် ဒုတိယမြောက် ကျမ်း ကျိန်ခွင့်ရသည့် သမိုင်းဝင် သမတ ဖြစ်လာ ခဲ့့သည်။

ဇူလိုင်လ အတွင်းက ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ များတွင် ဒုတိယအကြိမ် ရွေးကောက် ခံရသည့် ဘမ်ဘန်းသည် ယခု သက်တမ်းတွင် တိုင်းပြည်၏ စီးပွားရေး ယိုယွင်းလာမှုကို ပြန်လည် တည်ဆောက် ပေးမည်ဟု ကတိပြု ထားသည်။

အလာရှင်မြတ်၏ အလိုတော်အရ မိမိသည် ကျမ်းသစ္စာ ကျိန်ဆိုကြောင်း၊ တိုင်းပြည်၏ ဖွဲ့စည်းပုံ ဥပဒေအပေါ် သစ္စာစောင့်သိ သွားမည်ဖြစ်ကြောင်း ဘမ်ဘန်းက ဂျာကာတာ မြို့တွင် ကျင်းပသည့် ကျမ်းကျိန်ပွဲတွင် ထုတ်ဖော် ပြောကြားသွားသည်။

အသက်(၆၀) အရွယ် နိုင်ငံ့ ခေါင်းဆောင်သည် ဆင်းရဲမှု တိုက်ဖျက်ရေးနှင့် ဗြူရိုကရေစီ ယန္တရားကို ပြုပြင်ဖန်တီး နိုင်ခဲ့သည့် မှတ်တမ်းကောင်းများ ရှိခဲ့ပြီး ဖြစ်သည်။ နိုင်ငံအတွင်း ယိုယွင်းနေသော အခြေအနေများကို ပြန်လည် ကောင်းမွန်လာစေရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း ပြောင်းလဲရေး စီမံကိန်းများကို ဖော်ဆောင်ရန် လိုအပ်ကြောင်း ဘမ်ဘန်းက ဆိုသည်။

ဘမ်ဘန်း၏ ကျမ်းကျိန်ပွဲ အခမ်းအနားသို့ ဩစတြေးလျ၊ ဘရူနိုင်း၊ အရှေ့တီမော၊ မလေးရှားနှင့် စင်္ကာပူနိုင်ငံမှ ခေါင်းဆောင်များ တက်ရောက် ချီးမြှင့်ခဲ့သလို ကမာ္ဘ့နိုင်ငံ အမြောက်အများမှ ကိုယ်စားလှယ် များလည်း လာရောက်ခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here