စေ့စပ် ကြောင်းလမ်း သတင်းအား ဂျော့ကလူနီး ငြင်းဆို

alt

စေ့စပ်ကြောင်းလမ်း လိုက်ပြီဆိုသော သတင်းများကို ပျိုဖြူတို့ အသည်းစွဲ ညှို့အား ပြင်းသည်ဟု ဆိုသော ဂျော့ကလူနီး က ငြင်းဆန်လိုက်သည်။

ဟောလီးဝုဒ် မင်းသားကြီးသည် လက်ရှိ အချိန်တွင် အီတလီရုပ်သံ တင်ဆက်သူ နှင့် မင်းသမီး အဲလီစဘက်တာ ကာနယ်လစ် နှင့် လူမြင်သူမြင် တွဲနေပြီး သူမအား ကယ်လီဖိုးနီးယားရှိ ၎င်း၏ စံအိမ်သို့ပင် ပြောင်းရွှေ့ နေထိုင် စေခဲ့သည်။

သတင်းများက ကလူနီးသည် မကြာသေးမီ ကပင် မင်းသမီးအား လက်ထပ်ခွင့် တောင်းခံခဲ့ကြောင်း ဖော်ပြခဲ့သော်လည်း ကလူနီး၏ အေးဂျင့်က GossipCop.com နှင့် အင်တာဗျူးတွင် ယင်း ဖော်ပြချက် များအား ပယ်ချ ငြင်းဆန် သွားခဲ့သည်။

ထို စကားများသည် ကောလဟာလ များသာဖြစ်ပြီး လုံးဝ မမှန်ကန်ကြောင်း၊ ယခုအချိန်တွင် အိမ်ထောင်ပြုရန် အစီအစဉ် မရှိသေးကြောင်း အေးဂျင့်က ဆိုသည်။ ထို့အပြင် မင်းသားသည် လတ်တလောတွင် အလွန် အလုပ်များနေကြောင်းလည်း ကလူနီး၏ အေးဂျင့်က ပြောကြား သွားသည်။

ကလူနီးသည် ဟောလီးဝုဒ်တွင် မိန်းကလေး များအတွက် ဆွဲဆောင်မှု အရှိဆုံး မင်းသား တလက်အဖြစ် သတ်မှတ် ခံထားရပြီး အချောအလှလေး များနှင့် မကြာခဏ ပေါ်ပေါ်ထင်ထင် စုံတွဲခုတ်လေ့ ရှိသော်လည်း ကြာရှည် ဇာတ်လမ်း မဆက်သဖြင့် အသည်းခွဲ သမားကြီးဟု နာမည်ကျော်သူလည်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here