ဘင်္ဂလားဒေ့ရှ် တံငါသည်များအား မြန်မာရေတပ် အနှောက်အယှက် ပေးဟုဆို

alt

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တို့အကြား နယ်ခြား ပြဿနာသည် တစထက် တစ ပိုမိုကြီးထွား လာနေ လျှက် အလျောက် ဘင်္ဂလားဒေ့ရှ် အစိုးရက အရှေ့ဘက်ရှိ အိမ်နီးချင်း

နိုင်ငံမှ ရေတပ်သည် အောက်တိုဘာ (၁၈)ရက် နေ့က မိမိတို့နိုင်ငံမှ တံငါသည် များကို တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲလိုက်သည်။

ထို့အပြင် ဒါကာမြို့ အခြေစိုက် အစိုးရက မြန်မာနိုင်ငံ အပေါ် ယင်း ကိစ္စအတွက် တရားဝင် ကန့်ကွက် ဆန္ဒပြသွားမည် ဟုလည်း သိရသည်။ နယ်ခြားစောင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် လက်နက်ကိုင် တပ်ရင်း (BDR) က မြန်မာ အာဏာပိုင်များနှင့် တွေ့ဆုံပြီး ထို ကိစ္စအပေါ် အရေးဆို သွားမည်ဟု ကြေညာခဲ့သည်။

ဘင်္ဂလားဒေ့ရှ် တံငါသည် များက အနည်းဆုံး မြန်မာရေတပ် လက်နက်ကိုင် (၁၀)ဦးသည် ၎င်းတို့ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်တွင် ငါးဖမ်းနေစဉ် လှေများနှင့် ငါးဖမ်းပိုက်များကို လုယက်ပြီး ယင်းတို့အား ပင်လယ်ထဲတွင် ထားရစ်ခဲ့ကြောင်း စွပ်စွဲထားသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် တို့အကြား ကုန်းပိုင်းတွင် နယ်ခြား သတ်မှတ်ရေး တင်းမာမှုများ မြင့်တက်နေသလို ရေပိုင်နက် အငြင်းပွားမှု မှာလည်း တစထက် တစ ဆိုးရွား လာနေခဲ့သည်။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင် များက ပင်လယ်ထဲ မျောပါနေသည့် တံငါသည် များကို နောက်တနေ့တွင် ကယ်တင် နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။

မြန်မာနိုင်ငံ ကမူ ထို ဧရိယာအတွင်း ရေတပ်များ စေလွှတ်ထားခြင်း မရှိဟု ငြင်းချက် ထုတ်ပြန်လိုက်ပြီး မိမိတို့သည် မြန်မာ့ ရေပိုင်နက် တလျှောက် ကင်းလှည့်ပြီးနောက် အခြေစိုက် စခန်းသို့သာ ပြန်လာခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်က စွပ်စွဲသော ပြဿနာမျိုး မဖြစ်ပွားခဲ့ကြောင်း မြန်မာ့ ရေတပ်က တုန့်ပြန် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here