ပြန်ပေးဆွဲခံ ကုန်တင်သင်္ဘော ပြန်လည် ကယ်ဆယ်ရေး တရုတ်အစိုးရ ကြိုးပမ်းနေ

alt

ဆိုမာလီယား ပင်လယ် ဓားပြများက ပြန်ပေးဆွဲ သွားသည့် တရုတ် ကုန်တင် သင်္ဘောကို ပြန်လည် ကယ်ဆယ် နိုင်ရေးအတွက် တရုတ် အစိုးရက အစွမ်းကုန် ကြိုးပမ်း သွားမည့်

အကြောင်း အောက်တိုဘာ (၂၀)ရက် နေ့တွင် ကြေညာ လိုက်သည်။

အောက်တိုဘာ (၁၉)ရက် နေ့က သင်္ဘောသား (၂၅)ဦး ပါ၀င်သော ဒီဇင်ဟိုင်း ဘတ်ခ် ကယ်ရီယာ ကုန်တင် သင်္ဘောသည် ဆိုမာလီ ကမ်းခြေမှ အရှေ့ဘက် မိုင်(၇၀၀)ကျော် အကွာရှိ  အိန္ဒိယ သမုဒ္ဒရာအတွင်း ဆေးရှဲလ် ကျွန်းစုများ အနီး၌ ပင်လယ် ဓားပြများ၏ ပြန်ပေးဆွဲမှုကို ခံခဲ့ရသည်။

တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ မာဇောင်ဇူက တရုတ် ရေတပ်သည် ထိုသင်္ဘောအား ပြန်လည် ကယ်တင်နိုင်ရေး မရပ်မနား ဆောင်ရွက်နေပြီး အခြားသော တရုတ် သင်္ဘောများကိုလည်း ယင်းဧရိယာ အနီးမှ ဝေးဝေးရှောင်ရန် သတိပေး ထားကြောင်း ပြောဆိုခဲ့သည်။

ထိုဒေသတွင် တရုတ်ရေတပ် ဖျက်သင်္ဘော (၃)စင်း ယမန်နှစ် ကတည်းက တာဝန်ယူ လှည့်လည် စောင့်ကြပ်ပေးနေပြီး ဆိုမာလီ ပင်လယ်ဓားပြများ အနေနှင့် တရုတ်ပိုင် သင်္ဘောတစင်းကို ပထမဆုံးအကြိမ် အောင်မြင်စွာ ပြန်ပေးဆွဲသွားခြင်းလည်း ဖြစ်သည်။

ယမန်နှစ်က တရုတ် သင်္ဘောတစင်းကို ဆိုမာလီ ပင်လယ်ဓားပြများ ပြန်ပေးဆွဲရန် ကြိုးစားခဲ့သေးသော်လည်း သင်္ဘောသား များက လက်လုပ် မိုလိုတော့ ပုလင်းဗုံးများဖြင့် ခုခံခဲ့ခြင်းကြောင့် ဓားပြများ အခြေမလှဘဲ ဆုတ်ခွာ သွားခဲ့ရကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here