အသင်း လူစာရင်းကို ယုံကြည်မှု အပြည့်ရှိကြောင်း လီဗာပူးနည်းပြ ပြောကြားလိုက်

alt

ရလဒ်ဆိုးများ ကြံုတွေ့ နေရသည့်တိုင် မိမိအသင်း လူစာရင်း အပေါ် အပြည့် အဝ ယုံကြည် ထားကြောင်း လီဗာပူး နည်းပြ ရာဖေးဘင်နီတက်စ် က ပြောကြား လိုက်သည်။

လီဗာပူးသည် ဥရောပနှင့် အင်္ဂလန်တွင် (၃)ပွဲ ဆက်တိုက် အရေးနိမ့် ထားခဲ့သည်။ လီဗာပူးသည် အိမ်ကွင်း အန်းဖီးလ်တွင် ပြင်သစ် ထိပ်သီး အိုလံပစ်လီယွန် နှင့် ယှဉ်ပြိုင် ရမည်ဖြစ်ပြီး အဓိက တိုက်စစ်မှူး ဖာနန်ဒိုတောရက် မှာ ဒဏ်ရာကြောင့် ယင်းပွဲကို လွဲချော်ဦးမည် ဖြစ်သည်။

သို့သော်လည်း လက်ရှိ လူစာရင်းနှင့်ပင် ရလဒ်ကောင်းများ ဖော်ဆောင် နိုင်မည်ဟု ဘင်နီတက်စ်က မျှော်လင့်နေသည်။ မိမိတို့သည် ဥရောပတွင် အောင်ပန်း ဆင်နိုင်မည် ဖြစ်ကြောင်း၊ အင်္ဂလန်တွင်လည်း ရမှတ် (၈၆)မှတ်ဖြင့် အမှတ်ပေး ချန်ပီယံ ဖြစ်လာမည်ဟု ယုံကြည်ကြောင်း ဘင်နီတက်စ်က ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ဝေဖန်မှုများ ကြံုနေရသော်လည်း အသင်း၏ လူစာရင်းအတွက် ပျော်ရွှင်နေကြောင်း၊ လီဗာပူးသည် အင်္ဂလန် တွင်ရော၊ ဥရောပ တွင်ပါ အတောင့်တင်းဆုံး အသင်း တသင်းအဖြစ် ရပ်တည်နေဆဲ ဖြစ်ကြောင်း ဘင်နီတက်စ် က ကြွေးကြော် ခဲ့သည်။

စပိန်လူမျိုး ဘင်နီတက်စ် သည် လီဗာပူးသို့ ရောက်ရှိ လာပြီးနောက် အသင်းအား အဆင့်မြင့်မြင့် ရပ်တည်နိုင်အောင် စွမ်းဆောင် ပေးနိုင်ခဲ့သော်လည်း ဆယ်စုနှစ် (၂)ခုနီးပါး ကြာအောင် ဝေးကွာနေသည့် အင်္ဂလန် အမှတ်ပေး ချန်ပီယံဘွဲ့ ကိုမူ ရရှိလာအောင် မဆောင်ရွက် နိုင်ခဲ့သေးချေ။

LEAVE A REPLY

Please enter your comment!
Please enter your name here