ဗိုက်တာမင်နှင့် ဓာတ်ဆား မှီဝဲစားသောက်မှု ဘေးထွက် ဆိုးကျိုးပိုများ

alt

စွမ်းအင်ပြည့် ဗိုက်တာမင် ဆေးဝါး များနှင့် ဓာတ်ဆားများ မှီဝဲစားသောက် ခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုး နှင့် ပိုမိုနီးစပ် စေနိုင်ကြောင်း ဆရာဝန် များက သတိပေး ပြောကြားလိုက်ပြီ ဖြစ်သည်။

ကမာ္ဘ့ကင်ဆာ သုတေသန ရံပုံငွေအဖွဲ့ (WCRF) မှ ပရော်ဖက်ဆာ မာတင်ဝိုက်စမင်း က လူအများ ယုံကြည် နေသကဲ့သို့ ဗိုက်တာမင် ဆေးဝါးများ ပုံမှန် မှီဝဲနေခြင်းသည် ကင်ဆာရောဂါ ဟန့်တားရေး အတွက် အထောက်အကူ ပြုသည်ဆိုသော အချက်ကို အတည်ပြုရန် အလွန် ခက်ခဲကြောင်း ၀န်ခံလိုက်ပြီ ဖြစ်သည်။

ထို့အပြင် ဗိုက်တာမင် ဆေးဝါးများကို သာမန်မျှသာ သုံးစွဲခြင်းသည် ကျန်းမာရေးကို အထိုက်အလျှောက် အထောက်အကူ ပြုနိုင်ကောင်း သော်လည်း မတန်တဆ မှီဝဲခြင်းမှာမူ ဘေးထွက် ဆိုးကျိုးများနှင့် ကြံုတွေ့ စေနိုင်ကြောင်း ပရော်ဖက်ဆာ ကဆိုသည်။

ဥပမာအားဖြင့် Beta Carotene ကဲ့သို့သော ဓာတ်မျိုးသည် ဆေးလိပ် သောက်သူများ အဆုတ်ကင်ဆာ ဖြစ်နိုင်ချေကို ပိုမိုမြင့်တက် လာစေတတ်ကြောင်း ၀ိုက်စမင်းက ထောက်ပြခဲ့သည်။ အစားအသောက် များတွင် ပါ၀င်သည့် ဓာတ်အချို့သည် သဘာဝအားဖြင့် ကင်ဆာကို တားဆီးနိုင်သည့် စွမ်းရည်သတ္တိ ပြည့်ဝနေပြီး ဖြစ်ကြောင်း၊ ဆေးပြားများကို မလိုအပ်ဘဲ အားကိုး လွန်းခြင်းသည် မသင့်လျော်ကြောင်း ၀ိုက်စမင်းက ထောက်ပြ ပြောကြားခဲ့သည်။

ထို့ကြောင့်လည်း ကျန်းမာရေးဆိုင်ရာ အကောင်းဆုံး အကြံပေးမှုအဖြစ် ဟင်းသီးဟင်းရွက် များများစားပြီး ဆေးဝါးများကို တတ်နိုင်သလောက် မသုံးစွဲရန် တိုက်တွန်းလိုကြောင်း ဒေါက်တာဝိုက်စမင်းက ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here