၀ဘ်ဆိုဒ် လုံခြုံရေးအတွက် Twitter တွင် Report as Spam Feature ထည့်သွင်း

alt

Twitter သည် ၀ဘ်ဆိုဒ် လုံခြံုရေး အတွက် အရေးပါသော feature အဖြစ် Report as Spam ကို ထည့်သွင်း လိုက်ပြီ ဖြစ်သည်။

ယခု သီတင်းပါတ်မှ စတင်ခဲ့သော ယင်း Tool အသစ်အရ Twitter ၏ User များသည် Spam နှင့် အခြားသော မလိုလားအပ်သည့် အရာများဟု ယူဆ ရပါက အဆိုပါ Report as Spam အမည်ရှိ Button ကို Click နှိပ်လိုက် ပါက Twitter ၏ Developer များထံ အလိုလို အစီရင်ခံပြီးသား ဖြစ်သွားမည်ဟု သိရှိရသည်။

Twitter က ထို အစီရင်ခံစာ များကို ၎င်းတို့၏ လုံခြံုရေး တာဝန်ရှိသူ များက စစ်ဆေး ပေးသွားမည်ဟု ကြေညာခဲ့သည်။ Micro Blogging ၀ဘ်ဆိုဒ် တခုဖြစ်သည့် Twitter သည် အသုံးပြုသူ အရေအတွက် တစထက် တစ တိုးပွား လာသော်လည်း လုံခြံုရေးအရ အားနည်းချက်များ ရှိနေနိုင်ကြောင်း ဝေဖန် ခံနေရသည်။

ယခု စတင်လိုက်သော Tool သည် Twitter ၏ လည်ပတ်မှု အတွက် ပိုမိုကောင်းမွန် လာဖွယ်ရှိကြောင်း သိရသည်။ Twitter က User တဦး ပေးပို့လိုက်သော အစီရင်ခံချက်ကို ရရှိသည်နှင့် Spammer ဟု ယူဆရသူကို စောင့်ကြည့်နေမည် ဖြစ်ပြီး မသေခြာ မီတွင် ပိတ်ဆို့မှု တစုံတရာ မပြုလုပ်ဘဲ စီစစ်သွားမည်ဟု ပြောကြားခဲ့သည်။

Twitter က ယင်း Tool ကို User များအနေနှင့် Install ပြုလုပ်ရန် တိုက်တွန်းထားပြီး Spam ဟု ယူဆရသည်များ တွေ့ရှိလျှင် @spam account သို့ message ပေးပို့ပါရန် နှိုးဆော်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here