တာလီဘန် အခြေစိုက် စခန်းများအား ပါကစ္စတန် ထိုးစစ်ဆင် တိုက်ခိုက်

alt

ပါကစ္စတန် တပ်မတော်သည် တောင်ပိုင်း ၀ါဇီရစ်စတန်ရှိ တာလီဘန် အခြေစိုက် စခန်းများဟု ယူဆရသော နေရာများကို တတိယမြောက် နေ့အဖြစ် အောက်တိုဘာ (၁၉)ရက် နေ့က အကြီးအကျယ် ထိုးစစ်ဆင်

နေကြောင်း သိရှိရသည်။

တာလီဘန် တိုက်ခိုက်ရေး သမားများသည် ၀ါနာမြို့မှ ဆုတ်ခွာပြီးနောက် ယင်းဒေသ တောနက်များ အတွင်း ပုန်းရှောင်နေကြောင်း စစ်ဖက်က ခန့်မှန်းထားပြီး ယခုအခါ လက်နက်ကြီး များဖြင့် ဗုံးမိုး ရွာအောင် ထိုးစစ်ဆင်လျှက် ရှိသည်။

နေ့ရော ညပါ တိုက်ခိုက်နေသော ပါကစ္စတန် စစ်တပ်၏ ထိုးစစ် အရှိန်အဟုန်သည် ပြင်းထန် လွန်းကြောင်း ဒေသခံများက ဆိုသည်။ ထောက်လှမ်းရေး တပ်ဖွဲ့များက တိုက်ခိုက်မှုများကို ရှာကိုင်မြို့ အနီးထိ ဖြန့်ကျက် သွားဖွယ်ရှိကြောင်း သတင်းထောက် များအား ပြောကြားခဲ့သည်။

တိုက်ပွဲဖြစ်ရာ ဒေသများတွင် စစ်သား (၂၈၀၀၀)ကို ဖြန့်ကျက်ထားပြီး မြို့တော် အစ္စလာမ်မာဘတ်တွင် (၁၀၀၀၀) ကို အသင့်တပ်စွဲ ထားစေကြောင်း စစ်ဘက်မှ တာဝန်ရှိသူ များကဆိုသည်။ အောက်တိုဘာ (၁၇)ရက် နေ့က ထိုးစစ် စတင်ပြီး (၂၄)နာရီ အတွင်း တာလီဘန် စစ်သွေးကြွ (၆၀)ကျော် ကျဆုံးခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

သို့သော်လည်း နှစ်ဖက် အကျအဆုံး အတိအကျ စာရင်းကိုမူ တိတိကျကျ သိရှိနိုင်ရန် ခက်ခဲကြောင်း သတင်းများက ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here