စစ်အစိုးရ ဝန်ကြီးချုပ် အာဆီယံ အစည်းအဝေး တက်ရောက်မည်

alt

မြန်မာနိုင်ငံ ၀န်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန် သည် အရှေ့တောင် အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ၏ နှစ်ပတ်လည် ထိပ်သီး အစည်းအဝေး သို့ တက်ရောက်မည်ဟု သိရှိရသည်။

ယခု သီတင်းပါတ် အတွင်း ထိုင်း နိုင်ငံတွင် ကျင်းပမည့် ယင်း အစည်း အဝေး သို့ မြန်မာ စစ်အစိုးရ ၀န်ကြီးချုပ် တက်ရောက်မည် ဖြစ်ကြောင်း အာဆီယံ အဖွဲ့မှ တာဝန်ရှိသူ တဦးက အောက်တိုဘာ (၁၉)ရက် နေ့တွင် အတည်ပြု ခဲ့သည်။

အမည် ပြောဆိုခြင်း မရှိသည့် တာဝန်ရှိ ပုဂ္ဂိုလ်တဦးက ဗိုလ်ချုပ်သိန်းစိန် အာဆီယံ အစည်းအဝေးသို့ သေချာ ပေါက် တက်ရောက်မည်ဟု ပြောဆို သွားခြင်း ဖြစ်သည်။ ဗိုလ်ချုပ် သိန်းစိန်သည် ပြီးခဲ့သည့် လက ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့လည်း တက်ရောက်ခဲ့ပြီး ယင်းသည် (၁၄)နှစ် အတွင်း ကုလသမဂ္ဂ ညီလာခံသို့ တက်ရောက်သမျှ မြန်မာ စစ်အရာရှိ များအနက် ရာထူး အမြင့်ဆုံးအဖြစ် မှတ်တမ်း ၀င်သွားခဲ့သည်။

ထိုစဉ်က ဗိုလ်ချုပ်သိန်းစိန်သည် စက်တင်ဘာ (၂၈)ရက် မိန့်ခွန်းအတွင်း အနောက်နိုင်ငံများက မြန်မာ စစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ခြင်းကို ပြစ်တင်ရှုတ်ချပြီး မြန်မာနိုင်ငံ အတွင်း နိုင်ငံရေး လှုပ်ရှားမှုများ ဖြစ်ပေါ် လာစေရန် သွေးထိုး ပေးနေကြောင်း စွပ်စွဲ သွားခဲ့သည်။

ဗိုလ်ချုပ်သိန်းစိန် သည် အာဆီယံ ညီလာခံကို (၂၀၀၇) ခုနှစ်က နောက်ဆုံးအကြိမ် တက်ရောက်ခဲ့သေးကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here