ဒိုင်နိုဆောများ ပျောက်ကွယ်သွားခဲ့မှု ကြယ်တံခွန် ကျရောက်မှုကြောင့် ဟုဆို

alt

အလွန် ကြီးမားသော ကြယ်တံခွန် တခု အိန္ဒိယနိုင်ငံ ကမ်းလွန် ပင်လယ်ကို ကျရောက် ထိမှန်ခဲ့ချိန်တွင် ကမာ္ဘပေါ်ရှိ ဒိုင်နိုဆော သတ္တဝါကြီးများ မျိုးသုဉ်း ပျောက်ကွယ် သွားခဲ့ရသည်ဟု

ယူဆ ရကြောင်း ပညာရှင်များက အတည်ပြု ပြောကြားလိုက်ပြီ ဖြစ်သည်။

ပညာရှင် များက အိန္ဒိယ အနောက်ဘက် ကမ်းလွန်သို့ မူလက ခန့်မှန်း ထားသည့် ပမာဏထက် (၄)ဆမျှ ရှိမည့် (၂၅)မိုင် ကျယ်သော ကြယ်တံခွန်ကြီး တခု အရှိန်နှင့် ၀င်တိုက် ခဲ့ပြီးနောက် ရေအောက် ကြမ်းပြင်တွင် မိုင်ပေါင်း (၃၁၀)ကျယ်ပြန့်သည့် Shiva ဟု အမည် ပေးထားသော ချိုင့်ဝှမ်းကြီးကို ဖြစ်ပေါ် စေခဲ့လိမ့်မည်ဟု ယူဆ ထားကြသည်။

အမေရိကန်နိုင်ငံ၊ တက္ကဆက် နည်းပညာ တက္ကသိုလ်မှ ဆန်ခါချက်တာဂျီး နှင့် အခြားသော ပညာရှင်များသည် ယခုအခါ ယင်း ချိုင့်ဝှမ်းကြီး ဖြစ်ပေါ်လာမှု အကြောင်းတရားကို အသေးစိတ် လေ့လာနေပြီး ၎င်းတို့၏ သီအိုရီ မှန်ကန်ကြောင်း သက်သေပြနိုင်ရန် ကြိုးပမ်းလျှက် ရှိသည်။

မိမိတို့ အထင် မှန်မည်ဆိုခဲ့လျှင် ယင်းသည် ကမာ္ဘပေါ်တွင် အကြီးဆုံး ချိုင့်ဝှမ်းကြီး ဖြစ်နေလိမ့်မည်ဟု ချက်တာဂျီးက ဆိုသည်။ ယခင်က မက္ကစီကိုနိုင်ငံ ယူကန်တန် ကျွန်းဆွယ်သို့ (၆)မိုင် အကျယ်ရှိ ကြယ်တံခွန်ကြီး ၀င်ရောက် တိုက်မိခဲ့ရာမှ (၁၁၂)မိုင် အကျယ်ရှိသော ချိုင့်ဝှမ်းကြီး ဖြစ်ပေါ်လာပြီး ယင်းအရှိန်ကြောင့် လွန်ခဲ့သော နှစ်ပေါင်း (၆၅)သန်းက ဒိုင်နိုဆောများ ပျောက်ကွယ်သွားခြင်း ဖြစ်သည်ဟု သုတေသီ များက ယူဆထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here