မက်ဒေါနား အား အိမ်နီးချင်းတဦးမှ ဆူညံသဖြင့် တရားစွဲဆို

alt

ပေါ့ပ် ဘုရင်မကြီး မက်ဒေါနား နေထိုင်ရာ နယူးယောက် မြို့တော် မန်ဟက်တန် အရပ်မှ သူမ၏ အိမ်နီးချင်း တဦးမှ ပေါ့ပ်စတား မက်ဒေါနား နှင့် သူတို့ နေထိုင်ရာ ကွန်ဒို မီနီယံအား

စီမံခန့်ခွဲသည့် ကုမ္မဏီကိုပါ တရားစွဲဆို လိုက်ပြီ ဖြစ်သည်။

မစ်ဘိုရို အဆောက်အဦး စီမံခန့်ခွဲရေး ကုမ္မဏီမှ ဒါရိုက်တာ ဘုတ်အဖွဲ့ အဆိုအရ မက်ဒေါနား အခန်းမှ မြူးဇစ်ဖွင့်ခြင်းမှာ သူ့အား မခံမရပ်နိုင် လောက်အောင် ဆူညံကျယ်လောင် သဖြင့် စိတ်အနှာက် အယှက် အမြဲ ဖြစ်ရသည်ဟု ဆိုသည်။

ထိုသူ၏ အဆိုအရ အခန်းနံပါတ် ရ(A) က မက်ဒေါနား အခန်းမှာ အမြဲလို ဖိတ်ကြား ထားသော ပြင်ပက ဧည့်သည် ၁ယောက် သို့မဟုတ် ၁ယောက်ထက် ပိုတဲ့ ဧည့်သည်တွေ ရှိနေပြီး အသံနှုန်းမြှင့် မြူးဇစ်တွေ အမ်ပလီဖိုင်ယာ တွေနဲ့ အကြိမ်ကြိမ် အလီလီ ဖွင့်ပြီး အက လေ့ကျင့် နေပုံရသည်ဟု ဆိုသည်။

ဘယ်လောက် အထိ အကျိုးအကြောင်း သင့်လျှော်မှု မရှိသလည်း ဆိုယင် တုန်ခါနှုန်းမြှင့် စက်တွေနဲ့ ဖွင့်တော့ တဖက်အခန်းက နံရံတွေပါ တုန်ခါ နေပါတယ်ဟု သောကြာနေ့က နယူးယောက်မြို့ ဗဟို တရားရုံးတော်သို့ ဦးတိုက် လျှောက်ထား ရေးသားချက်တွင် ရေးသား ထားသည်ကို သိရှိ ရသည်။

ယခု တိုင်ကြားသော ကယ်ရင်းဂျော့ချ် မှာ မက်ဒေါနား နေထိုင်ရာ Upper West Side အဆောက်အဦးတွင် မစ်ဘိုရို အဆောက်အဦး စီမံခန့်ခွဲရေး မှ စီမံခန့်ခွဲလျှက် ရှိနေပြီး ဂျော့ရှ်မှာလည်း ၂၀၀၈ ခုနှစ်က တကြိမ် မခံနိုင်လောက်သော ဆူညံမှုအား တိုင်ကြားဖူးသည်ဟု ဆိုသည်။

ဆက်လက်ပြီး ဂျော့ချ်က ပြောဆိုရာ ယခုလို မခံမရ နိုင်သော ဆူညံသံများ ပြုလုပ်ကာ ဆက်လက် အက တိုက်နေလျှင် နယူးယောက် ဗဟို ပန်းခြံအား အပေါ်စီးမှ လှမ်းမြင်ရသော ဤ အဆောက်အဦးတွင် သူမ နေမရအောင် တွန်းအား ပေးရမည် ဖြစ်သည်ဟု ဆိုသည်။

ယင်းကိစ္စနှင် ပါတ်သက်ပြီး မစ်ဘိုရို အဆောက်အဦး စီမံခန့်ခွဲရေး ကုမ္မဏီ နှင့် မက်ဒေါနား၏ ပြောရေးဆိုခွင့်ရ အမျိုးသမီးအား ဆက်သွယ် မေးမြန်းရာ ဤ ကိစ္စအား တစုံတရာ ထုတ်ဖေါ် ပြောဆိုရန် ငြင်းဆန် လိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here