အီရန်တွင် ဖြစ်ပွားသည့် အသေခံ ဗုံးခွဲမှုအတွင်း စစ်ဖက် အကြီးအကဲများ သေဆုံး

alt

အီရန် အစိုးရသည် အသေခံ ဗုံးခွဲမှုတခု အတွင်း သေဆုံးသွားသည့် စစ်ဖက် ဆိုင်ရာ အကြီးအကဲ (၅)ဦးနှင့် လူမျိုးစု အကြီးအကဲ (၃၇)ဦး တို့၏ ရုပ် အလောင်း များကို အခမ်းအနားဖြင့်

သဂြိုဟ်ရန် စီစဉ်နေကြောင်း သိရှိ ရသည်။

အဆိုပါ (၄၂)ဦးသည် နိုင်ငံတောင်ပိုင်း အစည်းအဝေး တခုသို့ ရောက်ရှိ လာစဉ် ဆွန်နီ တိုက်ခိုက်ရေး သမားတဦး၏ အသေခံ လုပ်ကြံမှု အတွင်း ကွယ်လွန်သွားခြင်း ဖြစ်သည်။

အောက်တိုဘာ (၁၉)ရက် နေ့တွင် ဇီဟီဒန်းသို့ ပြောင်းရွှေ့ ကျင်းပမည့် အဆိုပါ ဈာပနာ အခမ်းအနားသို့ အီရန်၏ ထိပ်တန်း အရာရှိများ တက်ရောက် ကြမည်ဖြစ်သည်။ အောက်တိုဘာ (၁၈)ရက် နေ့က ဖြစ်ပေါ်လာသော ဗုံးခွဲမှုအတွက် မိမိတို့တွင် တာဝန်ရှိကြောင်း ဂျန်ဒါလား အမည်ရှိ ဆွန်နီ မွတ်ဆလင် တော်လှန်ရေး တပ်ဖွဲ့တခုက ကြေညာထားသည်။

၎င်းတို့၏ ရည်မှန်းချက် အတိုင်း ထိရောက် အောင်မြင်သဖြင့် ကျေနပ်ကြောင်းလည်း ဂျန်ဒါလား အဖွဲ့က ပြောကြားခဲ့သည်။ အီရန် အစိုးရသည် ယင်းကိစ္စအတွက် အမေရိကန်နှင့် ဗြိတိန်တို့ နောက်ကွယ်မှ ခြယ်လှယ်နေကြောင်း စွပ်စွဲခဲ့ သေးသော်လည်း အမေရိကန်က ငြင်းဆန်ခဲ့သည်။

ထို့အပြင် ပါကစ္စတန် နိုင်ငံသည်လည်း ယခုအသေခံ စစ်သွေးကြွ ဗုံးခွဲသမားများကို လေ့ကျင့်ပေးခဲ့ကြောင်း အီရန်က သံသယ ရှိနေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here