နီကိုလတ် ကေ့ချ် မှ သူပိုင် စီပွားရေး ပျက်ပြားအောင် ပြုလုပ်ခဲ့ဟု သူ၏ မန်နေဂျာအား ယိုးစွပ်

alt

နီကိုလတ် ကေ့ချ် ၏ ယခင် စီးပွားရေး မန်နေဂျာမှာ စွမ်းဆောင် နိုင်မှု ကင်း  သူဟု စွတ်စွဲလိုက်ပြီး မင်းသားကြီး နီကိုလတ်ကေ့ချ် ပိုင် ငွေကြေးများစွာ သူ့ကြောင့် ဆုံးရှုံး ရသည်ဟု ပြောဆို ယိုးစွပ် လိုက်သည်။

ယခု မိမိမှာ သောက ဖြစ်ရ၍ မိမိ၏ စီးပွားရေး မဏ္ဍိုင်တိုင် ပြိုပျက်အောင် ပြုလုပ်ခဲ့မှုကို လော့(စ်)အိန်ဂျလိ(စ်) ဗဟို တရားရုံးသို့ ဤငွေကြေး အရှုတ်တော်ပုံ အား သောကြာနေ့က ဦးတိုက်လျှောက်ထား၍ ဆင်မြူရယ် ဂျေ လီဗင် အား တရားစွဲဆိုလိုက်ပြီ ဖြစ်သည်။

လီဗင်၏ မပြည့်ဝသော အရည်အချင်း၊ မဆင်မခြင် ပြုမူမှုကြောင့် ဈေးကွက် အတွင်းရှိ မိမိ၏ ပိုင်ဆိုင်မှုများ ရင်းနှီးမြှပ်နှံမှု များအား ယခုလ အတွင်း ကြီးကြီးမားမား ရောင်းချ လိုက်ရပြီး အခွန်အခ များစွာလည်း ရှုံးရက်နှင်ပင် ထမ်းဆောင် လိုက်ရသည်ဟု ဆိုသည်။ ကေ့ချ်က လီဗင် အမှားကြောင့် အချိန်တိုင်းလိုလိုမှာ အခွန်အခတွေ ပေးဆောင်နေရပြီး ကျနော့ငွေတွေ မီလီလျံ ဒေါ်လာချီ ဆုံးရှုံးကုန်တယ် ဟု သူမှ မီဒီယာများအား ဖြေဆိုသည်။

ယခင်နှစ် ဘဏ္ဍာငွေရှင်းတမ်း တုန်းကလည်း သူလုပ်လို့ ပြည်တွင်းအခွန်ကို ဒေါ်လာ ၆မီလျံ ပေးလျော်စရာ ရှိတာတွေ ပြန်ရ ခဲ့ဖူးတယ်။

အခု ကိစ္စကလည်း သူ မလိုတမာ စိတ်နဲ့ လုပ်ခဲ့တာလား မသိပါဖူး၊ ကျနော်ပိုင် ငွေကြေးတွေ မရိုးမသား အခွန်တိမ်းရှောင် သလို ပုံစံဖြစ်နေလို့ ဒေါ်လာ မီလျံ ၂၀ကျော် ဆုံးရှုံးခဲ့ရတာကို ရုံးတော်မှာ ပြန်လည် ဖြေရှင်းခွင့် ရှိလို့ ဦးတိုက် လျှောက်ထားပါလို့ မင်းသားကြီး နီကိုလတ်ကေ့ချ် မှ အန်ဘီစီ သတင်းဋ္ဌာနသို့ ပြောဆိုသော်လည်း ၎င်း၏ စီးပွားရေး မန်နေဂျာဟောင်း ဆင်မြူရယ် ဂျေ လီဗင်မှာမူ ယင်းကိစ္စနှင့် ပါတ်သက်၍ ဖြေဆိုရန် ငြင်းဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here