ဖီဖာ ထုတ်ပြန်ချက်၏ ထိပ်တန်းအဆင့်မှ ဘရာဇီး နှင့် စပိန်တို့ ရှေ့ပြေးနေဆဲ

alt

ယနေ့ ဖီဖာ ဋ္ဌာနချုပ် ရှိရာ ဆွစ်ဇာလန် နိုင်ငံ နိုင်ယွန်မှ လာသော သတင်းများ အရ ဘရာဇီးနှင့် စပိန်တို့မှာ ကမာ္ဘ့ဖလား ယောကျ်ားလေး အသင်း များ၏ ထိပ်တန်း အဆင့်များမှ ဦးဆောင် နေသော်လည်း

ခြေစစ်ပွဲ အောင်သွားသော ပေါ်တူဂီ မှာမူ အကောင်းဆုံး အသင်း ၁၀ အတွင်းသို့ ဝင်လာနေပြီ ဖြစ်သည်။

ဘရာဇီး အသင်းမှာ နေမြဲအတိုင်း နံပါတ် ၁ နေရာတွင် ရယူထားဆဲ ဖြစ်ကာ စပိန်အသင်းမှာ ယခင် နံပါတ် ၃ နေရာမှ ၂ နေရာသို့ အဆင့်တိုးမြှင့် ရယူနိုင်လိုက်ပြီ ဖြစ်သည်။ ကမာ္ဘ့ဖလား ခြေစစ်ပွဲတွင် ပွဲစဉ်ပေါင်း ၁၄၇ပွဲ အနက် ယခင် စက်တင်ဘာလ အပါအဝင် သီတင်း ၅ ပါတ်အတွင်း ၄၅ပွဲ ကန် အပြီးတွင် ပြုစုထားသော စစ်တမ်းများ အရ ယခုအဖြေ ထွက်ရှိလာခြင်း ဖြစ်သည်။

ပေါ်တူဂီ အသင်းမှာမူ မော်လ်တာ အသင်းအား အနိုင်ကစားပြီး ၂၀၁၀ ကမာ္ဘ့ဖလား ဘောလုံးပွဲ ကစားရန် ကျောက်ချရပ်နား၍ ကမာ္ဘ့အဆင့် ၁၀ မှ နံပါတ် ရ နေရာသို့ ခုန်တက် ရယူလိုက်သည်။ နယ်သာလန်မှာ နံပါတ် ၃ နေရာတွင် ရှိနေပြီး၊ အီတလီမှာ စတုတ္ထ နေရာယူကာ ဂျာမဏီမှာ အဆင့် ၅ သို့ လျောကျသွား ခဲ့သည်။ အာဂျင်တီနားမှာ အဆင့် ၆ နှင့် ၈ နေရာတွင် မတင်မကျ ရှိနေပြီး၊ ဘော်လုံးဘိုးအေကြီး အင်္ဂလန်မှာ အဆင့် ရ နေရာတွင် ရှိနေသည်။ ခရိုအေးရှားနှင့် ပြင်သစ်မှာ နံပါတ် ၈ နှင့် ၉ နေရာတွင် လုနေကြသည်။ ရုရှားမှာ အဆင့် ၂ ဆ ခုန်ချ၍ နံပါတ် ၆ မှ ၁၂ သို့ ဆင်းသွားခဲ့ပြီ ဖြစ်သည်။

ယခု ဖီဖာ၏ ကမာ္ဘ့အဆင့် ဘော်လုံး နေရာများအား လွန်ခဲ့သော ၃နှစ်က ကစားခဲ့သော နိုင်ငံတကာ အသင်းများ၏ ပွဲစဉ်များအား ပွိုင့်ပေးကာ ဆုံးဖြတ်၍ ယခုကမာ္ဘ့ဖလား ခြေစစ်ပွဲ ကစားသည့် ပွဲစဉ်များအား ပိုမိုအလေးပေး စဉ်းစားသည် ဟု ဆိုသည်။ ထိုအသင်းများ၏ ကစားဟန် အချိတ်အဆက် သန်စွမ်းမှုများက ပြိုင်ဘက်များအား အနိုင်ရမှု ရလဒ်အဖြစ် အလေးသာမှု ဖြစ်သည်ဟု ဖီဖာမှာ ထိပ်တန်း အရာရှိတဦးက ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here