Twitter အသုံးပြု၍ NASA အေဂျင်စီ ဈေးကွက်ရှာ

alt

အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (NASA) က ၎င်း၏ Twitter Account မှတဆင့် Twitter ၀ဘ်ဆိုဒ် အသုံးပြုသူ များအား နောက်တကြိမ် ထွက်ခွာမည့် အာကာသ ခရီးစဉ်တွင် လိုက်ပါရန် ဖိတ်ခေါ် လိုက်သည်။

အတ္တလန္တစ် အာကာသ လွန်းပျံယာဉ်သည် နိုဝင်ဘာ (၁၂)ရက် နေ့တွင် ကမာ္ဘပတ် လမ်းထဲရှိ နိုင်ငံတကာ အာကာသစခန်း (ISS) သို့ ဦးတည် ထွက်ခွာမည် ဖြစ်သည်။ NASA သည် ကမာ္ဘအရပ်ရပ်မှ သန်းကြွယ် သူဌေးများကို အာကာသထဲသို့ အခကြေးငွေဖြင့် အလည်အပတ် လိုက်ပါရန် ခွင့်ပြု ခဲ့သော်လည်း အွန်လိုင်း နက်ဝပ်(ခ်) များမှတဆင့် ကြေညာခြင်း မှာမူ ယခုတကြိမ် ပထမဆုံး ဖြစ်သည်။

NASA သည် ၎င်း၏ ကြေညာချက်များကို Twitter မှတဆင့် ယခင်က ကြေညာဖူးသော်လည်း အာကာသယာဉ်ဖြင့် လိုက်ပါရေး အတွက် ကမ်းလှမ်းမှု မျိုးကိုမူ မပြုလုပ်ခဲ့ပေ။ NASA က အာကာသ ခရီးစဉ်တွင် ပျော်စရာ၊ စိတ်လှုပ်ရှားစရာ အတွေ့အကြံု များကို မျှဝေခံစားစေရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ စီစဉ်ခဲ့ခြင်းဟု ဖော်ပြထားသည်။

လိုက်ပါလိုသူ များအနေနှင့် အောက်တိုဘာ (၁၆)ရက် နေ့မှ စတင်ပြီး စာရင်း ပေးသွားနိုင်သည်။ NASA ၏ လွန်းပျံယာဉ်ဖြင့် လိုက်ပါသွားသော အာကာသ ယာဉ်မှူးများသည် ယခင်ကလည်း အာကာသ ထဲမှတဆင့် ၎င်းတို့၏ အတွေ့အကြံု များကို Twitter တွင် ရေးသား မျှဝေခဲ့ဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here