ပြန်ပေးဆွဲ ခံရသူ ဂျေးစီဒူဂတ် မျက်နှာဖုံးနှင့် People မဂ္ဂဇင်း ရောင်းမလောက် ဖြစ်နေ

alt

အမေရိကန် နိုင်ငံတလွှား ဟိုးလေး တကျော် ဖြစ်သွားသော ပြန်ပေးမှုများ ထဲမှ အသက် ၁၁နှစ် အရွယ်တွင် ပြန်ပေးဆွဲ ခံရသော ဂျေးစီဒူဂတ် (အသက်-၂၉နှစ်) အား လွန်ခဲ့သော

နွေရာသီ လများဆီက သူမအား ၁၈နှစ် အကြာတွင် ပြန်လည် ရှာဖွေတွေ့ရှိခဲ့ရာ ထိုစဉ်က သူမ၏ လုံခြံုရေးအရ ငယ်စဉ်မှ ဓါတ်ပုံများကိုသာ မီဒီယာ များတွင် ဖေါ်ပြနိုင်ခဲ့သည်။

ယခု သီတင်းပါတ် အကုန်တွင် ထွက်ပေါ်လာသော People မဂ္ဂဇင်း မျက်နှာဖုံး၌ သူမ၏ ယခုလက်ရှိ အသက်အရွယ် ဓါတ်ပုံအား မျက်နှာဖုံးအဖြစ် ပထမဆုံး ထွက်ပေါ် လာခဲ့ပြီး၊ သူမမှာ ၁၈နှစ်တာ လုံးလုံး ပြန်ပေးဆွဲခဲ့သူ ဖိလစ်ဂါရီးဒိုး၏ သားမယား ကျေးကျွန်အဖြစ် ပြုကျင့် ခံခဲ့ရသူ ဖြစ်သည်။

အိမ်နောက်ဖေး တဲတလုံးတွင် နှစ်ပေါင်းများစွာ အဖေါ်မဲ့ နေထိုင်ခဲ့ရပြီး ထို ပြန်ပေးနှင့် သမီး၂ဦး ထွန်းကားခဲ့ကာ ယခုအခါ၌ သူမသည် ကယ်လီဖိုးနီးယား ပြည်နယ် ဗဟိုအစိုးရ၏ နလံထ ဆေးရုံတခုတွင် စိတ်ကြံ့ခိုင်မှု အတွက် ကုသမှု ခံယူခဲ့ အပြီးတွင် မိခင်အရင်း ဖြစ်သူ တယ်ရီပရိုဘင် ( အသက် – ၅၀နှစ်) ထံ သမီး၂ဦး ဖြစ်သော အိန်ဂျယ် ( အသက်-၁၅နှစ်)၊ စတားလစ် ( အသက်-၁၁နှစ်) တို့နှင့် ရောက်ရှိလာ၍ အတူနေထိုင်လျှက် ရှိပြီဟု စိတ်ကျန်းမာရေး နလံထ ဆေးရုံမှ ပရဲဇီးဒန့် အာနီအလံမှ ပြောကြားလိုက်သည်။

သူမအား ၁၉၉၁ ခုနှစ်တွင် သူမ နေထိုင်ရာ ကယ်လီဖိုးနီးယားပြည်နယ် ဆောက်လိပ်တာဟိုး အရပ်မှ ဖိလစ်ဂါရီးဒိုး မှာ ပြန်ပေးဆွဲ လာခြင်း ဖြစ်ပြီး မိုင်၁၀၀ ကျော်ဝေးသော နေရာတခုတွင် ဂါရီးဒိုး၏ နေအိမ်ခြံဝင်း အနောက်ဖက် တဲပုပ်၌ ၁၈နှစ်အကြာ နေထိုင်ခဲ့ရ သူဖြစ်သည်။

ရဲမှ ဂျေးစီဒူဂတ် ပုံတူဆွဲထားသော ဓါတ်ပုံမြင်ဖူးသူ သူမ၏ ပထွေးမှာ ဂါရီးဒိုး နေထိုင်ရာ အိမ်ဖက် ရောက်ရှိအသွားတွင် ဂျေးစီဒူဂတ် နှင့် တူသော မိန်းမသားတဦး တွေ့ရှိမိသည်ဟု ရဲအား အကြောင်းကြားရာမှ ၁၈နှစ် အကြာ ပြန်ပေးမှုကြီး ပေါ်ပေါက်သွားခြင်း ဖြစ်သည်။ ပြန်ပေး ဖိလစ်ဂါရီးဒိုး နှင့် ရသော သမီး၂ဦးမှာလည်း ယခုအခါ ဂျေးစီဒူဂတ် အား အမအကြီး ဖြစ်သာ ထင်မြင်နေသည်ဟု သူမ၏ People မဂ္ဂဇင်း နှင့် အင်တာဗျူးတွင် ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here