ဘင်္ဂလား ပင်လယ်အော် ထဲမှ စိန့်မာတင် ကျွန်းကို မြန်မာစစ်အစိုးရ တိုက်ခိုက်မည် စိုးရိမ်နေ

alt

မြန်မာ စစ်အစိုးရ နှင့် နယ်စပ် ခြံစည်းရိုး ကာရံခြင်း ကိစ္စရပ်များ အငြင်းပွား နေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ဘင်္ဂလား ပင်လယ်အော် ထဲမှ စိန့်မာတင် ကျွန်းအား စစ်အစိုးရတပ်များ ဝင်ရောက် တိုက်ခိုက်မည်ကို

စိုးရိမ်ပါကြောင်း မီဒီယာသို့ ယနေ့ ဘင်္ဂလားဒေ့ရှ် ဖက်မှ ပြောကြား လိုက်သည်။

ကီလိုမီတာ ၃၀၀ကျော် ရှည်လျှားသော နယ်စပ် မျဉ်းများအား အာရုံ စိုက်နေစဉ် ရုတ်တရက် အလစ်အငိုက် ယူကာ အကွယ်အကာ မဲ့သော ဘင်္ဂလား ပင်လယ်အော် ထဲမှ စိန့်မာတင် ကျွန်းအား စစ်ရေးဗျူဟာ များအရ တိုက်ခိုက် နိုင်သဖြင့် မိမိတို့မှာ အလျှင်အမြန် ကာကွယ်ရေး ဗျူဟာအဖြစ် လေယာဉ် ဆင်းနိုင်သော ကွန်ကရစ် ပြေးလမ်းများ၊ ကွန်ကရစ် ဘန်ကာများ ထိုကျွန်းတွင် တည်ဆောက် ထားပြီဟု ထုတ်ဖေါ် ပြောကြားလိုက်သည်။

သဘာဝ ဓါတ်သတ္တုရိုင်းများ ကြွယ်ဝလှသည့် မြန်မာ ကမ်းရိုးတန်း နှင့် ၈ ကီလိုမီတာ မျှ ကွာဝေးသော ထိုကျွန်းမှာ နှစ်နိုင်ငံ ပြဿနာများ အကြား လုံခြံုရေး အရ ခြိမ်းခြောက်ခံ ထိနိုင်သည်ဟု ဘင်္ဂလားဒေ့ရှ် နယ်ခြားတပ်ဖွဲ့၊ ပြည်ထဲရေး ဝန်ကြီးဋ္ဌာန၊ ရေတပ်၊ လေတပ်၊ ဝန်ကြီးချုပ်ရုံး အဖွဲ့ နှင့် ကမ်းခြေစောင့် တပ်ဖွဲ့တို့က တွက်ဆ ထားကြသည်။

ရန်ကုန် အစိုးရ မှာမူ ထောင်သောင်းချီသော ရိုဟင်ဂျာ မူဆလင်များ ရခိုင်နယ်မြေ နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အကြား ကူးလူး သွားလာ နေထိုင်မှုကို ဟန့်တားသော အနေဖြင့် ခြံစည်းရိုး ကာရံခဲ့ရာမှ လွန်ခဲ့သော ၁၀ရက်ခန့်က တင်းမာမှု စတင်ခဲ့ပြီး ဒက်ကာ အစိုးရနှင့် ရန်ကုန် အစိုးရ တို့မှာမူ နှစ်ဖက် စစ်သုံးသင်္ဘောများ၊ တိုက်လေယာဉ်များ အခိုင်အမာ တပ်မကြီးများ ချထားသည် အထိ ဖြစ်ပွား လာခဲ့ရသည်။

စနေနေ့ အစောပိုင်းက ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ရုံး ထိပ်တန်းပုဂ္ဂိုလ် တဦးမှ ဤကိစ္စအား နှစ်နိုင်ငံ ညှိုနှိုင်းမှု ပြုလုပ်ရန်မှာ အလွန်သေခြာ သေသပ်စွာ အရေးတကြီး ဂရုထား ပြုလုပ်ရမည် ဖြစ်သည်ဟု အိုင်းရစ်ချ်ဆန်း သတင်းစာကြီးသို့ ထုတ်ဖေါ် ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here