လူငယ် အများစု အင်တာနက် သုံးရလျှင် ပျော်ရွှင်ကြ

alt

ယခုခေတ် လူငယ်များ၏ စိတ် အပမ်းဖြေရာ နယ်ပယ်သစ် အဖြစ် အင်တာနက်သည် ထိပ်ဆုံးမှ ရပ်တည် နေပြီ ဖြစ်သည်။

နည်းပညာ ထွန်းကား လာမှုနှင့်အတူ လူငယ်များ ပျော်ရွှင် နှစ်သက်သော အခြေခံ အကြောင်းတရား များသည် ပြောင်းလဲ လာခဲ့ပြီး မျိုးဆက်သစ် ရှင်သန်မှု တခုသဖွယ် ပေါ်ထွန်း လာခဲ့ကြောင်း Digital Native ဟု အမည် ပေးထားသည့် လူငယ်များနှင့် နည်းပညာ ဆက်စပ်မှုကို လေ့လာရန် ကောက်ခံထားသော စစ်တမ်းက ဆိုသည်။

၎င်းတို့သည် ဗြိတိန်ရှိ လူငယ် (၉၉၄)ဦးကို မေးမြန်းခဲ့ရာ ထက်ဝက်မျှသည် အင်တာနက် သုံးနေရသည်ကို အလွန် ပျော်ရွှင်ကြောင်း ဖြေကြားခဲ့သည်။ လူငယ်များ အားလုံးသည် အသက် (၁၆)နှစ် နှင့် (၂၄)နှစ်ကြား အရွယ်များသာ ဖြစ်ပြီး ထိုအခြေအနေကို ခေတ်သစ် နည်းပညာ လူ့အဖွဲ့အစည်း တခု ပေါ်ထွန်း လာခြင်းဟု စစ်တမ်း ကောက်ခံသည့် YouthNet သုတေသန ၀ဘ်ဆိုဒ်က ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် နောက်ထပ်လည်း လူငယ်ပမာဏ အမြောက်အမြားသည် ဘဝ၏ ပျော်ရွှင်မှုကို သဘာဝ ပတ်ဝန်းကျင်ထက် နည်းပညာ နယ်ပယ်တွင်သာ အမှီပြု ရှာဖွေလာနိုင်ကြောင်း စစ်တမ်းက သုံးသပ် ထားကြသည်။ YouthNet ၏ အဆိုအရ လူငယ်ထု၏ (၄၅) ရာခိုင်နှုန်းသည် အင်တာနက် သုံးစွဲနေရသည်ကို အလွန် ပျော်ရွှင်ပြီး ၎င်းတို့အနက် (၄)ပုံ (၃)ပုံသည် အင်တာနက်သည် ဘဝတွင် မရှိ မဖြစ်သော အရာတခုဟုပင် စွဲမြဲ ခံယူထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here