ရတနာပုံ အက်ဖ်စီ ဘော်လုံးကလပ် ပြည်ပခရီး ခြေဆန့်မည်

alt

မြန်မာကြေးစား ဘော်လုံး လောကတွင် ပထမဆုံး အကြိမ် ချန်ပီယံအဖြစ် ဆွတ်ခူးခဲ့သော ရတနာပုံ အက်ဖ်စီ ဘော်လုံး ကလပ်သည် အောက်တိုဘာ လ ၂၇ ရက်နေ့မှ ၂၉ရက်နေ့ အထိ

ကျင်းပမည့် ထိုင်းနိုင်ငံ၊ ဖူးခက်ကျွန်းရှိ “၂၀၀၉ ဖူးခက် ကာတာ ဂရုဖ်ဖလား” ကြေးစား ကလပ်များ ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့်ဟု သိရှိ ရသည်။

အာရပ် ကမာ္ဘမှ ကာတာ စီးပွားရေး လုပ်ငန်းရှင်များ အုပ်စုက စပွန်ဆာ ပေးသော ဖူးခက် ကာတာ ဂရုဖ် ဖလား ပြိုင်ပွဲသို့ ရတနာပုံ အက်ဖ်စီ အသင်းနှင့် အတူ ရတနာပုံ အက်ဖ်စီ ပရိသတ်များ အပါအဝင် မည်သူမဆို လိုက်ပါ အားပေးနိုင်ကာ ထို ကလပ်အသင်း မှပင် ခရီးစဉ်အတွက် စီစဉ်ပေးမည် ဖြစ်ကာ (၅) ညအိပ်၊ (၆) ရက် ခရီးစဉ် အား ဒေါ်လာ USD 750 ကျသင့်မည် ဖြစ်သည်။

ထို့အပြင် အနုပညာရှင်များ၊ ရတနာပုံ အက်ဖ်စီ fanclub အဖွဲ့ဝင် ကံစမ်းမဲ ပေါက်ထားသူများ အခမဲ့လိုက်ပါ အားပေးနိုင်မည် ဖြစ်သည်။ ဖူးခက် ဆူရာခူးလ် အားကစားကွင်းတွင် ယှဉ်ပြိုင် ကစားရမည့် ဖူးခက် ကာတာ ဂရုဖ် ဖလား ပြိုင်ပွဲတွင် ရတနာပုံ အသင်း (မြန်မာ)၊ မြောင်ဒေါင်အသင်း (ထိုင်း)၊ ဟောင်အန်းဂယ်လိုင်း (ဗီယက်နမ်) နှင့် ထိုင်း လက်ရွေးစင် ကစားသမားများ ပါ၀င်ပြီး အာရှဖလား အတွက် ပြင်ဆင်နေသည့် ထိုင်း All Star အသင်းတို့ စုစုပေါင်း အသင်း ၄ သင်း ပါ၀င်ပြီး ယှဉ်ပြိုင်ကြမည် ဖြစ်ကြသည်။

ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်သော ရတနာပုံ အက်ဖ်စီ ကလပ်သည် ဗွေဆော်ဦး ပွဲစဉ်အဖြစ် အောက်တိုဘာ ၂၉ ရက်နေ့၌ ယခင် မန်ယူအသင်း ခေါင်းဆောင်ဟောင်း ဘရိုင်ယန်ရော့ဘ်ဆင် ကိုင်တွယ်သည့် ထိုင်း All Star အသင်းနှင့် ရင်ဆိုင်ရမည်ဟု ဖူးခက်ဂေဇက် သတင်းစာက ဆိုသည်။

ပွဲစဉ် အားလုံးကို Siamkeela TV NBT 19 ရုပ်သံမှ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ နိုင်ငံတို့မှ တိုက်ရိုက် ကြည့်ရှုနိုင်ကြောင်း ရတနာပုံ အသင်း၏ ဝဘ်ဆိုဒ်တွင် ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here