မြန်မာနိုင်ငံတွင် ရင်ချင်းဆက် အမွှာညီအမ အား အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့

alt

မြန်မာ နိုင်ငံမှ ခွဲစိတ် အထူးကု ဆရာဝန်ကြီး များသည် ရင်ချင်းဆက် အမြွှာ ညီအစ်မ နှစ်ဦးအား အောင်မြင် စွာ ခွဲစိတ်ပေးနိုင် ခဲ့ကြောင်းသိရှိ ရသည်။

ရန်ကုန်မြို့၊ ကလေး ဆေးရုံကြီးရှိ တာဝန်ရှိသူများက ဆယ်စုနှစ် (၂)ခု အတွင်း ယင်းကဲ့သို့ ခွဲစိတ်မှုမျိုးကို စတုတ္ထ အကြိမ်မြောက် အောင်အောင် မြင်မြင် ဆောင်ရွက် ပေးနိုင်ခဲ့ခြင်းဟု အတည်ပြုခဲ့သည်။

အောက်တိုဘာ (၁၀)ရက် နေ့က စိုးပြည့်လင်း နှင့် စိုးပြည့်ဝင်း တို့ ညီအစ်မ နှစ်ဦးအား ဆရာဝန်များက တသီးတခြား နေထိုင်နိုင်ရန် အောင်မြင်စွာ ဆောင်ရွက် ပေးနိုင်ခဲ့သည်။ ယင်းအမြွှာ ညီအစ်မသည် မွေး ကတည်းက ရင်ချင်းဆက် မွေးလာခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နှစ်(၂၀)ကျော် ကာလအတွင်း မြန်မာ့ ဆေးပညာသည် တိုးတက်မှုများ ရှိခဲ့ပြီး လက်ပြတ်ကို အကောင်းအတိုင်း ပြန်ဆက်နိုင်ခြင်း ကဲ့သို့သော ကုသမှုမျိုးကို အောင်အောင်မြင်မြင် ဆောင်ရွက် နိုင်ခဲ့သည်။

ယခုအခါ တွင်လည်း မိန်းကလေး (၂)ဦး၏ အခြေအနေမှာ ကောင်းမွန် စိတ်ချရကြောင်း သိရှိရသည်။ ယခုနှစ် ဇူလိုင်လ အတွင်းကလည်း နေပြည်တော်ရှိ ဆေးရုံသစ်ကြီးတွင် လူနာတဦးအား သွေးကြောမကြီး တခုကို အတုပြုလုပ်ပြီး အောင်မြင်စွာ အစားထိုး ကုသ ပေးနိုင်ခဲ့သည်။

စက်တင်ဘာလ အတွင်းကလည်း အမျိုးသမီးငယ် တဦးကို ကျောက်ကပ် အစားထိုးမှု ခွဲစိတ်ပေးခဲ့ပြီး ယင်းသည် မြန်မာ့ဆေးပညာ သမိုင်းတွင် အောင်မြင်သော ကျောက်ကပ် အစားထိုးမှု အဖြစ် (၁၃)ကြိမ်မြောက် မှတ်ကျောက် တင်နို်င်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် ကျောက်ကပ် ခွဲစိတ်မှုကို အောင်မြင်စွာ စတင် ဆောင်ရွက်နိုင်သည်မှာ (၁၉၉၇) ခုနှစ် ကတည်းက ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here