တောင် -မြောက် ကိုရီးယား ၂နှစ် နိုင်ငံ၏ မိသားစု ပြည်လည် ပေါင်းစည်းရေး

alt

မြောက်ကိုရီးယား နှင့် တောင်ကိုရီးယား နိုင်ငံများရှိ စစ်အတွင်း ကွဲကွာ သွားသော မိသားစုများ ပြန်လည် တွေ့ဆုံရေး ဆွေးနွေးပွဲကို စတင် ကျင်းပနေပြီ ဖြစ်သည်။

ကေဆွန် မြို့တွင် ကျင်းပ ပြုလုပ်သော ဆွေးနွေးမှုများ အတွင်း တောင် ကိုရီးယား က နိုဝင်ဘာလ နှင့် ဖေဖော်ဝါရီလ များတွင် နောက်ထပ် မိသားစုချင်း ပြန်လည် ပေါင်းစည်း တွေ့ဆုံခွင့် ပေးရေး ဆွေးနွေးပွဲများ ကျင်းပခွင့် ရရန် တောင်းဆိုသွားမည် ဖြစ်သည်။

ကိုရီးယား နှစ်နိုင်ငံ တို့သည် ဆွေးနွေးပွဲများ ကျင်းပနေစဉ် အတွင်း မြောက်ကိုရီးယား က ၎င်းတို့၏ အင်ဂျင်း မြစ်ပေါ်ရှိ ရေလှောင်တမံ များကို မဆင်မချင် ဖောက်ချ လိုက်ခြင်းကြောင့် တောင်ကိုရီးယား လူမျိုး (၆)ဦးတို့ သေဆုံး သွားခြင်းကို တောင်းပန်စကား ပြောကြားခဲ့သည်။

တောင်ကိုရီးယားက မြောက်ပိုင်းရှိ ကွန်မြူနစ် နိုင်ငံသည် ဆန်စပါးနှင့် ဓာတ်မြေဩဇာ ကဏ္ဍအတွက် အထောက်အပံ့များ တောင်းခံ လာမည်ဟု မျှော်လင့်လျှက် ရှိသည်။ နှစ်နိုင်ငံ ဆွေးနွေးမှုများ အခြေအနေ ကောင်းမွန်ကြောင်း ကေဆွန်ရှိ ဆွေးနွေးပွဲ တာဝန်ခံ များက အတည်ပြု ပြောကြားခဲ့သည်။

မြောက်ကိုရီးယားတို့ လက်နက် စမ်းသပ်မှုကို တုန့်ပြန်သည့် အနေနှင့် တောင်ကိုရီးယား သမ္မတ လီမြောင်ဘက် က ထောက်ပံ့မှုများ ရပ်ဆိုင်း လိုက်ပြီးနောက် နှစ်နိုင်ငံ တင်းမာမှုများ ပေါ်ပေါက် ခဲ့သော်လည်း ယခုအခါတွင် တစထက်တစ ဆက်ဆံရေး တိုးတက် လာနေကြောင်း သိရှိရသည်။

ယခုကဲ့သို့ ကွဲကွာသွားသော မိသားစုများ ပြန်လည် တွေ့ဆုံသည့် အခမ်းအနားကို မကြာခဏ ကျင်းပပေးရန် တောင် ကိုရီးယားက ဆန္ဒရှိနေပြီး ထိုသူ အများစုသည် ယခုအခါ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သဖြင့် မိသားစုဟောင်း များနှင့် အမှတ်တရ တွေ့ဆုံခွင့် ပေးစေလိုကြောင်း မြောက် ကိုရီးယားအား ပန်ကြားထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here