အီတလီ စစ်ခေါင်းဆောင်ကြီး မူဆိုလီနီ ဗြိတိန် ထောက်လှမ်းရေး အတွက် အလုပ် လုပ်ပေးခဲ့ဟုဆို

alt

ကမာ္ဘ့ဖက်ဆစ် ၀ါဒကို စတင် ထူထောင် ပြီး ဒုတိယ ကမာ္ဘစစ်အတွင်း ဗြိတိန်၏ မဟာရန်သူတော် အဖြစ် ယှဉ်ပြိုင် တိုက်ခိုက်ခဲ့သူ အီတလီ စစ်ခေါင်း ဆောင်ကြီး ဘင်နီတို မူဆိုလီနီ သည်

တချိန်က ဗြိတိန် ထောက်လှမ်းရေး ဌာနအတွက် အခ ကြေးငွေဖြင့် အလုပ် လုပ်ပေးခဲ့သူ တဦးဖြစ်ကြောင်း သမိုင်း အထောက်အထား စာရွက် စာတမ်းများ အရ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

ပထမ ကမာ္ဘစစ် အတွင်းက ဆိုရှယ်လစ် ၀ါဒီသမား တဦးဖြစ်သော သတင်းထောက် မူဆိုလီနီ သည် အီပိုပိုလို သတင်းစာ အတွက် အလုပ် လုပ်နေရင်း မီလန်မြို့တွင် ဗြိတိန် ထောက်လှမ်းရေး အတွက် အလုပ် လုပ်ပေးခဲ့ခြင်း ဖြစ်သည်။

၎င်းသည် ဂျာမနီကို ဆန့်ကျင်သူဖြစ်ပြီး ဂျာမနီနှင့် တိုက်ခိုက်နေသည့် ဗြိတိန် နှင့် ပြင်သစ်တို့အား ထောက်ခံခဲ့သည်။ နောက်ပိုင်းတွင် ဗြိတိန် ထောက်လှမ်းရေး ဌာနသည် မူဆိုလီနီ အား အီတလီ အနေနှင့် ဂျာမနီကို ၀င်ရောက် တိုက်ခိုက်သင့်ကြောင်း ၀ါဒ ဖြန့်ချီမှုများ ပြုလုပ်ပေးရန် စည်းရုံး သိမ်းသွင်းနိုင်ခဲ့ကြောင်း ကင်းဘရစ် တက္ကသိုလ်ရှိ သမိုင်းသုတေသီ ပီတာမတ်လန်း က ပြောကြားခဲ့သည်။

ထို့အတွက် ဗြိတိန် ထောက်လှမ်းရေးဌာန M15 က မူဆိုလီနီကို တစ်ပါတ်လျှင် ပေါင်(၁၀၀) ပေးခဲ့သည်ဟု ဆိုသည်။ အနာဂတ်တွင် ဖက်ဆစ် အာဏာရှင်ကြီး ဖြစ်လာမည့် သတင်းထောက် ကလေးသည် ဗြိတိန်အတွက် အရေးပါသော လုပ်ဆောင်ချက် များကို (၁၉၁၇) ခုနှစ်အတွင်း တာဝန်ကျေစွာ ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။

ဗြိတိန် ထောက်လှမ်းရေး အနေနှင့် ဩဇာအာဏာ ကြီးမားသော သတင်းစောင် တခုမှ ပြည်သူများ အနေနှင့် ဂျာမနီကို ၀င်ရောက် တိုက်ခိုက်သင့်ကြောင်း အမြင် ထက်သန်လာစေရန် ဈေးပေါပေါနှင့် စည်းရုံးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း မတ်လန်းက ဆိုသည်။

သို့သော်လည်း လွန်ခဲ့သည့် (၉၂)နှစ်က ပေါင်(၁၀၀) ဆိုသော ငွေကြေး ပမာဏသည် အတော်လေး များပြားလှကြောင်း မတ်လန်းက ဖြည့်စွက် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here