ကားတစင်းအား ဖျက်ဆီးခဲ့သော်လည်း အရေးယူရန် ခက်နေရသည့် ရဲများ

alt

ကားတစင်းအား လက်သရမ်း ဖျက်ဆီးခဲ့ကြောင်း သက်သေ အခိုင်အမာ တွေ့ရှိသော်လည်း ဗြိတိန် ရဲများအနေနှင့် ယင်းတရားခံကို အရေးယူရန် ခေါင်းခဲလျှက် ရှိသည်။

အသက် (၂)နှစ် အရွယ် မိန်းကလေး တဦးသည် ၎င်း၏ ကားအား တုတ်ဖြင့် ခြစ်ကာ ဖျက်လိုဖျက်ဆီး ပြုမူခဲ့ကြောင်း ကားပိုင်ရှင်က ရဲထံသို့ ဖုန်းဆက် ခဲ့ပြီးနောက် ရဲများသည် မိန်းကလေးထံ ရောက်လာသော်လည်း စစ်ဆေး မေးမြန်းမှုများ ပြုလုပ်နိုင်ခြင်း မရှိသောကြောင့် ဒုက္ခတွေ့ နေကြရသည်။

တရားခံသည် ထိုပြစ်မှုကို အမှန်တကယ် ကျူးလွန် ခဲ့သော်လည်း ရဲတပ်ဖွဲ့ကမူ မည်သို့မည်ပုံ စစ်ဆေးရမည်ကို မစဉ်းစားတတ်ကြောင်း ၀စ်ရှိုင်းယား ရဲတပ်ဖွဲ့က ဆိုသည်။ ရဲတပ်ဖွဲ့ က အမည် ထုတ်ဖော် ပြောဆိုခြင်း မရှိသော ကလေးမလေးသည် အိမ်နီးနားချင်း မိသားစု၏ ခြံဝင်း အတွင်းမှ မော်တော်ကားအား လူကြီးများ မသိမီ ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။

အာဏာပိုင်များက ကလေးများ၏ မိဘနှစ်ပါးကို အိမ်နီးချင်း မိသားစုနှင့် ပြေပြေလည်လည် ညှိနှိုင်း ဖြေရှင်းရန် တိုက်တွန်း ထားသည်။ ကလေးမလေး၏ လုပ်ရပ်ကြောင့် ယခုအခါ နှစ်ဖက် မိသားစုချင်း တင်းမာလျှက် ရှိကြောင်း သိရှိရသည်။ ကလေးမ လေးကို အချုပ်ချပြီး စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ရန်မှာမူ မိမိတို့ လုံးဝ မတတ်နိုင်သော ကိစ္စဖြစ်ကြောင်း ၀စ်ရှိုင်းယား ရဲတပ်ဖွဲ့မှ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်က သတင်းထောက် များထံ ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here