စတီဖင် ဂက်တလီ ၏ ဈာပန အခမ်းအနားတွင် Boyzone အဖွဲ့ ဖျော်ဖြေမည်

alt

သေဆုံးသွားသော ၎င်းတို့၏ အဖွဲ့ဝင် စတီဖင် ဂက်တလီ အတွက် Boyzone အဖွဲ့မှ ဈာပန အခမ်းအနားတွင် သီချင်းဆို ဖျော်ဖြေသွားမည် ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပါတ်က စပိန် နိုင်ငံတွင် ရုတ်တရက် ကွယ်လွန် သွားသည့် ဂက်တလီ၏ ဈာပနကို အောက်တိုဘာ (၁၇)ရက် နေ့တွင် ကျင်းပမည် ဖြစ်ရာ ရိုနန်ကက်တင်၊ မစ်ခေးဂရေဟမ်၊ ရှိန်းလင့်ချ် နှင့် ကိတ်ဒက်ဖီ တို့က ဂုဏ်ပြု သီဆိုသွားမည်ဟု သိရှိရသည်။

ဂက်တလီသည် ၎င်းကိုယ်၎င်း Gay အဖြစ် လူသိရှင်ကြား ကြေညာ ထားသူဖြစ်ပြီး အမျိုးသား အဖော်နှင့်အတူ စပိန်နိုင်ငံ၊ မာယော့ကာ ကမ်းခြေသို့ အပမ်းဖြေ ခရီးထွက်နေစဉ် ညဘက် အိပ်ပျော်ရင်း ထူးဆန်းစွာ ကွယ်လွန်သွားခြင်း ဖြစ်သည်။

ဂက်တလီ၏ ဈာပနကို မွေးရပ်နိုင်ငံ အိုင်ယာလန်ရှိ ဒဗ္ဗလင် မြို့တော်တွင် ကျင်းပသွားမည် ဖြစ်ပြီး Celebrity အတော် များများလည်း တက်ရောက်ဖွယ် ရှိနေသည်။ ထို့အပြင် ပရိသတ် ထောင်ပေါင်း များစွာ တို့သည်လည်း ၎င်း၏ရုပ်အလောင်း သယ်ဆောင်သွားစဉ် လမ်းဘေးမှ နောက်ဆုံးအကြိမ် နှုတ်ဆက်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

ဂက်တလီ၏ သေဆုံးမှုနှင့် ပတ်သက်ပြီး စပိန် ရဲတပ်ဖွဲ့က အဖြေရှာနေဆဲ ဖြစ်သော်လည်း မိမိကိုယ်ကိုယ် သတ်သေခြင်း၊ မူးယစ်ဆေးဝါး Overdoseဖြစ်ခြင်းတို့ကြောင့် မဟုတ်ဘဲ သွေးရိုးသားရိုးသာ ဖြစ်နိုင်ကြောင်း သုံးသပ်ခန့်မှန်း ထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here