အမေရိကန် လက်ရွေးစင် ဘောလုံးသမား ကား မတော်တဆ မှုကြောင့် ဒဏ်ရာ အပြင်းအထန်ရ

alt

အမေရိကန် ဘောလုံး လက်ရွေးစင် ချာလီဒေးဗီးသည် ကား မတော်တဆ ဖြစ်မှု တခုအတွင်း ဒဏ်ရာ အပြင်းအထန် ရရှိသွားကြောင်း သိရှိရသည်။

လက်ရှိ အချိန်တွင် ပြင်သစ်ကလပ် ဆိုချော့၌ ကစားနေသည့် ဒေးဗီး၏ သတင်းကို ကြားပြီးနောက် ကမာ္ဘ့ဖလား ခြေစစ်ပွဲအဖြစ် ဟွန်းဒူးရပ် အား (၃-၂) ဖြင့် အနိုင် ယူထားသော အမေရိကန် အသင်းဖော်များသည် ဆေးရုံသို့ အပြေးအလွှား ရောက်ရှိ လာကြသည်။

အောက်တိုဘာ (၁၃)ရက် နေ့က ဗာဂျီးနီးယားတွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှု အတွင်း ဒေးဗီးနှင့် အသက်(၂၂)နှစ် အရွယ် အက်ရှလီဂျေ ရော်ဘတ်တာ အမည်ရှိ အမျိုးသမီးတို့ လိုက်ပါလာသော ကားသည် လုံးဝ စုတ်ပြတ် သွားသလို ရော်ဘတ်တာ မှာလည်း သေဆုံး သွားခဲ့ရသည်။

ဒေးဗီး၏ အသက် အန္တရာယ်ကို စိုးရိမ်ရသည့် အခြေအနေမှ ကျော်လွန်သွားပြီ ဖြစ်ကြောင်း (၅)နာရီ ကြာမြင့်သည့် ခွဲစိတ်မှုများ အတွင်း ဆေးရုံက ကြေညာသည်။

အမေရိကန် ဘောလုံး အဖွဲ့ချုပ်က ဒေးဗီး၏ ဒဏ်ရာသည် ကစားသမား ဘဝကိုပင် အဆုံးသတ် သွားစေနိုင်ကြောင်း ၀န်ခံခဲ့လိုက်ကြပြီ ဖြစ်သည်။ ဒေးဗီး အနေနှင့် (၂၀၁၀) ခုနှစ်တွင် ကျင်းပမည့် ကမာ္ဘ့ဖလား ဘောလုံး ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်နိုင်ခြင်း မရှိသည်မှာ သေချာသလောက် ဖြစ်နေပြီဟု သိရှိရသည်။

ယခု ယာဉ်တိုက်မှု၏ အကြောင်းအရင်းကို တိတိကျကျ မသိရ သေးသလို ထိုစဉ်က ဒေးဗီး အနေနှင့် အရက်သောက်ထားခြင်း ရှိမရှိကိုလည်း ဆေးရုံ နှင့် ရဲတပ်ဖွဲ့က ပြောကြားခြင်း မရှိသေးကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here