ကိုယ်ဝန် ဖျက်ချမှုကြောင့် အမျိုးသမီးများ နှစ်စဉ် သေဆုံးကြရ

alt

အောက်တိုဘာ (၁၃)ရက် နေ့က ထုတ်ပြန်လိုက်သော ကမာ္ဘလုံး ဆိုင်ရာ စာရင်းများ အရ နှစ်စဉ် အမျိုးသမီး (၇၀၀၀၀) ကျော် တို့သည် ဘေးရန် များသော၊ စိတ်မချ ရသော ကိုယ်ဝန်

ဖျက်ချမှုများ အတွင်း သေဆုံးကြရလေ့ ရှိကြောင်း သိရှိရသည်။

ထို့အပြင် အခြားသော အမျိုးသမီး သန်းနှင့်ချီ မျှသည်လည်း ကိုယ်ဝန် ဖျက်ချမှု၏ ဘေးထွက် ဆိုးကျိုး အန္တရာယ် များနှင့် တွေ့ကြံုနေရ သည်ဟု ဆိုသည်။ Guttmacher ပညာရေး ဌာနက လေ့လာ ထုတ်ပြန်ခဲ့သော ယင်း စစ်တမ်းအတွင်း ကမာ္ဘနှင့်တဝှမ်း မအောင်မြင်သော ကိုယ်ဝန် ဖျက်ချမှု အရေအတွက် သည် (၁၉၉၅) ခုနှစ်က (၄၅.၅) သန်းမျှ ရှိနေရာမှ (၂၀၀၃) ခုနှစ်တွင် (၄၁.၆) သန်းအထိ လျော့ကျလာကြောင်း ကိုလည်း ဖော်ပြ ထားရှိသည်။

သို့ပါသော်လည်း နိုင်ငံပေါင်း (၁၉၇) ခုကို လေ့လာခဲ့သော ယင်း စစ်တမ်းက (၂၀၀၈) ခုနှစ်အတွင်း ကမာ္ဘနှင့်တဝှမ်း မသန့်ရှင်းသော ကိုယ်ဝန် ဖျက်ချမှုပေါင်း သန်း(၂၀)မျှ အထိ ပြုလုပ် ခဲ့ကြကြောင်းလည်း ညွှန်ပြနေသည်။

အထူးသဖြင့် အာဖရိက ကဲ့သို့ ဖွံ့ဖြိုးမှု နောက်ကျနေသော ဒေသများ အတွင်းရှိ နိုင်ငံများမှ အမျိုးသမီးများသည် ယင်းကိစ္စကို ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်လေ့ရှိပြီး နာကျင်မှု သက်သာစေရန် မူးယစ်ဆေးဝါး နှင့် ဆေးရွက်ကြီး တို့ကို အသုံးပြုလေ့ ရှိကြောင်း စစ်တမ်းက ဆိုသည်။

ထို ကိစ္စအတွက် တရားဥပဒေဖြင့် တားမြစ်မှုများ ပြုလုပ်နေသည့်တိုင် ကိုယ်ဝန်ဖျက်ချမှု အရေအတွက် လျှော့ချရေး စီမံကိန်း များသည် အခက်အခဲ များနှင့် ကြံုနေရဆဲ ဖြစ်ကြောင်းလည်း စစ်တမ်းက သုံးသပ် ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here