ကမာ္ဘ့ ငတ်မွတ်ခေါင်းပါးမှု ပြဿနာ ပိုမို ဆိုးရွားလာဟု ကုလသမဂ္ဂ အတည်ပြု ပြောကြား

alt

ကမာ္ဘ့ ငတ်မွတ်ခေါင်းပါးမှု ပြဿနာသည် ပိုမို ဆိုးရွားသော အခြေအနေသို့ မြင့်တက် လာကြောင်း ကုလသမဂ္ဂက အတည်ပြု ပြောကြား လိုက်သည်။

အောက်တိုဘာ (၁၄)ရက် နေ့က ကုလသမဂ္ဂ စားနပ်ရိက္ခာ အေဂျင်စီက စိုက်ပျိုးရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု လျော့နည်း လာခြင်းနှင့် ကမာ္ဘ့စီးပွား ပျက်ကပ်တို့ကြောင့် အငတ်ဘေး ကြံုနေရသူ (၁)ဘီလျံကျော် အထိ ရှိလာနေကြောင်း ပြောကြားခဲ့သည်။

ထိုပမာဏမှ ထက်ဝက်ခန့် အထိ (၂၀၁၅) ခုနှစ် မတိုင်မီ လျှော့ချ သွားနိုင်ရေးမှာ လက်တွေ့တွင် မလွယ်ကူ နိုင်ကြောင်းလည်း ကုလသမဂ္ဂ အစားအစာနှင့် စိုက်ပျိုးရေး အဖွဲ့ကြီးက သတိပေး ပြောကြား လိုက်သည်။

(၁၉၈၀)ပြည့်လွန် နှစ်များနှင့် (၁၉၉၀)ပြည့်လွန် အစောပိုင်း ကာလများက ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေး လုပ်ငန်းများတွင် ကြီးကျယ်သော အောင်မြင်မှုများ ရရှိခဲ့သော်လည်း (၁၉၉၅) နောက်ပိုင်း တွင်မူ အစားအသောက် ငတ်မွတ်နေသူ အရေအတွက်သည် တစထက် တစ တိုးမြှင့်လာခဲ့ပြီး (၂၀၀၉) ခုနှစ်တွင် (၁.၀၂)ဘီလျံ အထိ ရှိလာပြီ ဖြစ်သည်။

ထို ကိစ္စအတွက် အဓိက အပြစ် တင်သင့်သည်မှာ (၁၉၈၀)ပြည့်လွန် နှစ်များနောက်ပိုင်း စိုက်ပျိုးရေး ကဏ္ဍတွင် ကြာရှည်စွာ ရင်းနှီးမြှုပ်နှံမှုများ နည်းပါးလာသည့် အချက်က အဓိက ဖြစ်ကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။ အစားအသောက် နှင့် စိုက်ပျိုးရေး အဖွဲ့ကြီး၏ အထွေထွေဒါရိုက်တာ ဂျက်ကော့ဒီယော့ဖ် က မိမိတို့သည် အငတ်ဘေးကို တိုက်ဖျက်ရန် အဓိက ဆောင်ရွက်ရမည့် အချက်မှာ ရိက္ခာကဏ္ဍကို တိုးမြှင့် ထုတ်လုပ်ရန် ဖြစ်ကြောင်း အကြံပြု ပြောဆိုခဲ့သည်။

ဒီယော့ဖ်က အစားအသောက် ဈေးနှုန်းများ ကျဆင်း လာပြီးနောက် စီးပွားရေး လုပ်ငန်းရှင်များသည် အခြားသော နယ်ပယ်များသို့ ပြောင်းလဲ မြှုပ်နှံလာကြရာ ရေရှည်တွင် ကမာ္ဘနှင့်အဝှမ်း ထိခိုက်မှုများ ပေါ်ပေါက် လာခဲ့ကြောင်း ထောက်ပြ ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here