မုန်တိုင်း ဒဏ်ခံဒေသများ ပြန်လည် ထူထောင်ရေး ဖိလစ်ပိုင် အစိုးရ ဒေါ်လာ တစ်ဘီလျံကျော် လိုနေ

alt

ဖိလစ်ပိုင် အစိုးရသည် မုန်တိုင်းဒဏ်ခံ ဒေသများတွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက် နိုင်ရန် အနည်းဆုံး အမေရိကန် ဒေါ်လာ (၁)ဘီလျံမျှ လိုငွေ ပြနေကြောင်း သိရှိရသည်။

အစိုးရ အနေနှင့် ထိုငွေ၏ အဓိက အစိတ် အပိုင်းကို နိုင်ငံတကာ စေတနာ့ရှင်၊ အလှူရှင် များထံမှ ရရှိရန် မျှော်လင့် ထားသည်။ ဖိလစ်ပိုင် သည် ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခံခဲ့ရခြင်း ဖြစ်ကြောင်း သမ္မတ ဂလိုရီယာ မက်ကာပါဂယ် အာရိုယို က သတင်းထောက် များကို ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သည် ပြီးခဲ့သည့် လက (၁၀)ရက် အတွင်း မုန်တိုင်း(၂)ခု ၀င်ရောက် တိုက်ခတ်သည့် ဒဏ်ကို အလူးအလဲ ခံစားခဲ့ရသည်။ သမ္မတ အာရိုယို က ရာသီဥတု ပြင်းထန်စွာ ပြောင်းလဲမှုအား နှစ်(၄၀)အတွင်း အဆိုးရွားဆုံး ရေကြီးမှုများ ဖြစ်ပေါ်လာစေသည့် အဓိက အကြောင်းရင်း အဖြစ် ပြစ်တင် ပြောဆိုခဲ့သည်။

ဖိလစ်ပိုင်တွင် ရေကြီးပြီး မြေပြိုမှုများ ပေါ်ပေါက်ခဲ့ရာ အနည်းဆုံး လူ(၇၁၂)ဦး သေဆုံးပြီး သဘာဝ ဘေးဒုက္ခများကို ဖိလစ်ပိုင် ပြည်သူ (၇)သန်းကျော် ခါးစည်း ခံခဲ့ရသည်။ မုန်တိုင်းများကြောင့် ငါးဖမ်းလုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ငန်းများတွင်ပင် ဆုံးရှုံးမှု ဒေါ်လာ (၃၉၆)သန်းမျှ ရှိနိုင်ကြောင်း ကျွမ်းကျင်သူ များက ခန့်မှန်း ထားကြသည်။

ဖိလစ်ပိုင်၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အတွက် ငွေထုတ်ချေးရန် သင့်မသင့်ကို ကမာ္ဘ့ဘဏ် ကလည်း လများ မကြာမီအတွင်း လာရောက် လေ့လာမည်ဟု ဖိလစ်ပိုင် စီးပွားရေးဝန်ကြီး မာဂရီတိုတီဗက်စ် နှင့် ကမာ္ဘ့ဘဏ် ဥက္ကဌ ရော်ဘတ်ဇိုလစ် တို့ကလည်း အတည်ပြု ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here