Multitouch နည်းစနစ်သုံး Acer Laptop ထွက်ရှိလာမည်

alt

Touchscreen နည်းပညာ လောက ထဲသို့ Acer လည်း ၀င်ရောက်လာပြီ ဖြစ်သည်။ နာမည်ရ Laptop ကွန်ပြူတာ ကုမ္မဏီသည် ၎င်းတို့၏ နောက်ဆုံးထုတ် Acer Aspire

အမျိုးအစား Laptop တွင် Multitouch နည်းစံနစ်ကို စတင် ထည့်သွင်းလိုက်ပြီ ဖြစ်သည်။

AS5738PG အမျိုးအစား Laptop သည် Touchscreen အသုံးပြုနိုင်ကာ (၁၁.၆) လက်မ အရွယ် ultraportable Display ကို တပ်ဆင် ထားသည်။ ထို Laptop သည် ကုမ္မဏီ၏ ပထမဆုံး Multitouch အသုံးပြု Laptop လည်း ဖြစ်လာ ခဲ့ရသည်။

Laptop တွင် တပ်ဆင်ထားသော Processor မှာ 2.2 GHz Intel Core 2 Duo T6600 ဖြစ်ပြီး DDR2 4GB ပမာဏရှိ RAM ကို ဖြည့်တင်း ထားရှိသည်။ Hard Disk ၏ သိုလှောင်မှု စွမ်းအားမှာ 320GB ဖြစ်ပြီး ATI Radeon HD 4570 Graphic Card ကို တပ်ဆင် ပေးထားသည်။ DVD burner တခုနှင့် Webcam၊ Card Reader များ ပါ၀င်ပြီး USB Port (၄)ခု ရှိသည့် ယင်း Laptop ကို (၇၉၉.၉၉) ဒေါ်လာဖြင့် ရောင်းချသွားမည်ဟု သိရှိရသည်။

Acer က ၎င်းတို့၏ နည်းပညာသစ် Laptop သည် Multitouch စံနစ်ကို အသုံးပြုပြီး ၀ဘ်ဆိုဒ်များ ရှာဖွေခြင်း၊ လက်ရေးဖြင့် စာရေးသားခြင်း၊ ဖျော်ဖြေရေး Application များ ဖွင့်လှစ်ခြင်း၊ ဓာတ်ပုံ နှင့် ဗီဒီယိုများ ပြင်ဆင် တည်းဖြတ်ခြင်း များကိုပါ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း ကြေညာထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here